တိုင်းနှင့်ပြည်နယ် လွှတ်တော်ခုနစ်ခုအတွက် တပ်ကိုယ်စားလှယ်ကိုးဦး အပြောင်းအလဲလုပ်
တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်ခုနစ်ခုအတွက် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်ကိုးဦးကို အစားထိုး ပြောင်းလဲခဲ့ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။
တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များကို စစ် ကိုင်း၊ တနင်္သာရီ၊ ပဲခူးနှင့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်များနှင့် ကယား၊ ရခိုင်နှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် အပြောင်းအ လဲပြုလုပ်ခြင်းဖြစ်သည်။
ယခု အပြောင်းအလဲတွင် ရာထူးအမြင့်ဆုံးအနေဖြင့် တနင်္သာ ရီတိုင်းဒေသကြီးလွှတ်တော်၊ ကယားပြည်နယ် လွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်တို့တွင် ဗိုလ်မှူးကြီးတစ်ဦးစီဖြင့် အသီး သီးအစားထိုးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော် တွင်လည်း ဒုဗိုလ်မှူးကြီးတစ်ဦးအ ပြောင်းအလဲပြုလုပ်ခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး မစတင်မီက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးကို အစားထိုး ပြောင်းလဲခဲ့သေးသည်။
ယင်းအစားထိုးပြောင်းလဲမှု သည် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အတွက် အများဆုံး အစားထိုးပြောင်းလဲခြင်းဖြစ်ပြီး ၃၀ ဦးအထိ ရှိခဲ့သည်။
ဇန်န၀ါရီ နောက်ဆုံးပတ်က လည်း ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်များအတွက် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ခုနစ်ဦး အစားထိုး ပြောင်းလဲခဲ့သေးသည်။
ပြည်သူ့လွှတ်တော်တွင် တပ်မတော် (ရေ)မှ ဗိုလ်မှူးလေး ဦးနှင့် တပ်မတော် (လေ)မှ ဗိုလ် မှူးတစ်ဦးနေရာတွင် တပ်မတော် (ကြည်း)မှ ဗိုလ်မှူးကြီးငါးဦးကို အစားထိုးခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်တွင် တပ်မတော်(ကြည်း)မှ ဗိုလ်မှူး တစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးနေရာ တွင် တပ်မတော် (ကြည်း)မှ ဗိုလ် မှူးကြီးနှစ်ဦးကို အစားထိုးခြင်းဖြစ် သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment