သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေမတိုင်မီ သောက်သုံးရေစတင်ပြတ်လပ်
သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ယခင်နှစ်များထက် စော၍ သောက်သုံးရေ ပြတ်လပ် မှုများ ဖြစ်ပေါ်နေကြောင်း ဒေသ ခံများထံမှ စုံစမ်းသိရသည်။
ယခင်နှစ်များက ဧပြီ၊ မေလ ကဲ့သို့ နေပူပြင်းသောလများတွင် သောက်သုံးရေပြတ်လပ်မှုများ နှင့် ရင်ဆိုင်ရသော်လည်း ယခုနှစ်၌ ဖေဖော်ဝါရီလဆန်းက စတင်၍ သောက်သုံးရေ ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရကြောင်း ကဇင်းတောကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဇောတိသာရက မိန့်ကြားသည်။
လက်ရှိတွင် သောက်သုံးရေ လိုအပ်နေသည့် ကျေးရွာများ သည် ကဇင်းတော၊ ၀ါးယား၊တောင်ထန်း၊ ဖိုချောင်း၊ သဲဖြူ စသည့် ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများသည် သာပေါင်းမြို့နယ် အနောက်ရိုးမတောအ တွင်းရှိ ကျေးရွာများဖြစ်သည်။ အဆိုပါကျေးရွာငါးရွာတွင် စုစု ပေါင်း ခန့် မှန်းလူနေအိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း ကဇင်းတောကျေးရွာနေ ကိုအရှည်ကြီးက ပြောသည်။
‘‘တချို့ရွာတွေက လက် ယက်တွင်းတွေမှာ ရေစောင့်ခပ် လို့ရသေးတယ်။ တချို့ရွာတွေ ကတော့ လုံးဝကို သုံးစရာမရှိတာ ပါ။ ထမင်း၊ ဟင်းချက်ဖို့တောင် မလွယ်ဘူးဖြစ်နေတယ်’’ဟု ၎င်း က ပြောသည်။
‘‘တောတောင်တွေကြားထဲ မှာရှိတဲ့ စိမ့်စမ်းရေကို လက်ယက် တွင်းတူးပြီး သောက်သုံးရေအဖြစ် အရင်နှစ်တွေက သုံးခဲ့တယ်။ အဲဒီစိမ့်စမ်းရေတွေက ဒီနှစ်မှာ သံချေးအရောင်တွေ၊ တချို့နေရာတွေမှာ ရွှံ့ရောင်တွေအဖြစ် နေ တယ်။အဲဒီရေတွေက ချိုးလို့မရဘူး။ သောက်သုံးဖို့ကတော့ ပိုဆိုးတာပေါ့’’ဟု ဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် ဒေသခံများ သည် ကျေးရွာနှင့် သုံးမိုင်ခန့် ဝေး သော နေရာမှ သောက်သုံးရေ ကို တောင်တက်၊ တောင်ဆင်း လမ်းအသုံးပြု၍ သယ်ဆောင်အ သုံးပြုနေရသည်ဟု ဒေသခံအချို့ က ဆိုသည်။
‘‘သာပေါင်းကနေ တစ်နိုင် တစ်ပိုင် လာရောက်ပြီး ရေလှူဒါန်းတဲ့ သူတွေတော့ ရှိပါတယ်။ ကလေးတွေကို တစ်နေ့တစ်ကြိမ် ပဲ ခွက်ခြင်နဲ့ ရေချိုးဖို့ပြောထား တယ်။ ရေက သောက်သုံးဖို့တင် မဟုတ်ဘူးလေ။ အရေးအ ကြောင်း မီးရေးထင်းရေးအတွက် လည်း လိုအပ်တယ်’’ဟု ဒေသခံ ကိုအရှည်ကြီးက ပြောသည်။
ယင်းကဲ့သို့ နွေရာသီပူပြင်း သည့် ကာလမရောက်မီ သောက် သုံးရေပြတ်လပ်ခြင်း၊ မြေအောက်ရေများ အသုံးပြု၍ မရခြင်းသည် တောတောင်များအတွင်း သစ်ကြီးဝါးကြီးများ မရှိတော့ခြင်း၊ တောင်များဖြိုချမှုများခြင်း၊ တောတောင်များတွင် ကျောက်ထုတ်လုပ်မှုများ ခြင်း၊ တောင်ကတုံးများ၌ အချိန်မီ သစ်ပင်များ ပြန်လည်မစိုက် ပျိုးနိုင်ခြင်းစသည့် ဂေဟစနစ်များ ပျက်စီးလာရခြင်းကြောင့် ဖြစ် သည်ဟု လှပသော ကမ္ဘာမြေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ကွန်ရက်မှ ဦးမြင့်အောင်က ပြောသည်။
‘‘မြေအောက်ရေရရှိမှုတွေ က တစ်နေ့တခြားပိုဆိုးလာပြီ။ နောင်ဆို တောင်တွေမှာ သစ်ပင် ပေါက်ဖို့ မလွယ်သလို စိုက်ဖို့ လည်း မလွယ်တော့ဘူး။ အပူရှိန် ပြင်းထန်လာတော့ အပေါ်ယံမြေ ထုက ရေကို စုပ်ယူထိန်းထားနိုင် တဲ့ အနေအထားမရှိတော့ဘူး။ ချုံ နွယ်တွေက ရေကိုထိန်းထားနိုင် တာခဏပါ။ သစ်ကြီးဝါးကြီးတွေ ကပဲ ရေကိုထိန်းထားနိုင်တာပါ’’ ဟု ဦးမြင့်အောင်က ရှင်းပြသည်။
သာပေါင်းမြို့နယ်သည် မိုးတွင်း၌ ရေကြီးမြင့်မှုဘေးဒဏ်ကို ပြင်းထန်စွာ ခံစားရသော ဒေသ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ ပူပြင်း သော နွေရာသီတွင်လည်း သောက်သုံးရေပြတ်လပ်မှုနှင့် နှစ်စဉ်ကြုံတွေ့နေရသော ဒေသ တစ်ခုဖြစ်ကြောင်း မှတ်တမ်းများ အရ သိရသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment