Latest News

Sunday, February 19, 2017

တာမွေမြို့နယ် သီတာလမ်းရှိ နေအိမ်တိုက်ခန်း ငါးလွှာမှ ပြုတ်ကျခဲ့ သည့် အဘွားအို ဆေးရုံ၌ သေဆုံး

တာမွေမြို့နယ် သီတာလမ်းရှိ နေအိမ်တိုက်ခန်း ငါးလွှာမှ ပြုတ်ကျခဲ့

သည့် အဘွားအို ဆေးရုံ၌ သေဆုံး



တာမွေမြို့နယ် သီတာလမ်းရှိ နေအိမ်တိုက်ခန်း ငါးလွှာမှ ပြုတ်ကျခဲ့သည့် အဘွားအို ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

“တိုက်ပေါ်ကနေ ပြုတ်ကျတော့ ၀ဲခြေထောက်ကျိုး ဒဏ်ရာနဲ့ နားထင်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိပြီး ဆေးရုံမှာ ကုသနေရင်းဖြစ်တဲ့နေ့ မွန်းလွဲပိုင်းမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်” ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် သီတာလမ်း အမှတ် (၁၅) ငါးလွှာနေ ဒေါ်.... (၈၂ နှစ်) သည် နေအိမ်တွင် ရှိနေစဉ် ကျောင်းမှပြန်လာသည့် ၎င်း၏ မြေးဖြစ်သူအား နေအိမ်တိုက်ခန်း ၀ရန်တာသို့ ထွက်ကြည့်ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုတ်ကျခဲ့သည့် ဒေါ်....(၈၂ နှစ်) မှာ ၎င်း၏ နေအိမ် ငါးလွှာမှတစ်ဆင့် အောက်ထပ်ရှိ ၀က်သားတုတ်ထိုးဆိုင်၏ ထီးပေါ်သို့ ဦးစွာပြုတ်ကျခဲ့ကြောင်း၊ ယင်းထီးပေါ်မှ တစ်ဆင့် တုတ်ထိုးဆိုင်တွင် အလုပ် ကူလုပ်ပေးနေသည့် အမျိုးသမီးတစ်ဦးပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အား တာမွေမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၇)ဖြင့် အမှုဖွင့်ထားသည်။



Eleven Media Group

No comments:

Post a Comment