Latest News

Tuesday, February 21, 2017

လိမ်နေတယ်ဆိုတာကို ပြနေတဲ့ ခန္ဓာကိုယ်အမူအရာလက္ခဏာ(၇)မျိုး

လိမ်နေတယ်ဆိုတာကို ပြနေတဲ့ ခန္ဓာကိုယ်အမူအရာလက္ခဏာ(၇)မျိုး

ကလေးဘ၀မှာ အပြစ်ကင်းစင်စွာကြီးပြင်းလာခဲ့ကြပေမဲ့ အသက်ကြီးလာလေ ပိုပြီး လိမ်တတ်လာကြပါတယ်။ပြောရရင် အသက်ကြီးလာရင် လိမ်ပြောရခြင်းအကြောင်းအရင်းဟာ သိထားတာမှန်သမျှ၊ဖြစ်နေတာမှန်သမျှကို လူတိုင်းကိုလျှောက်မပြောချင်လို့ ဖုံးကွယ်ထားခြင်းဖြစ်ပါတယ်။ အရိုးမရှိတဲ့ လျှာကတော့ ဘာတွေဘယ်လိုပဲပြောနေပါစေ ခန္ဓာကိုယ်ကတော့ အသံတိတ်ဖော်ပြနေပါတယ်။ဒါကြောင့်လူတစ်ယောက်စကားပြောရင် လူတစ်ယောက်ရဲ့ ပါးစပ်မှအသံကိုသာ နားထောင်မနေပဲ သူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်လုံး၊လက်ဟန်ခြေဟန်၊ကိုယ်အမူအရာတွေကိုပါ သတိထားပြီးကြည့်ရှုသင့်ပါတယ်။အခုဒီမှာတော့ လူတစ်ယောက်လိမ်ပြောနေပြီဆိုရင် ဖြစ်တတ်တဲ့ ခန္ဓာကိုယ်အမူအရာ (၇) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ပါးစပ်ကာထားခြင်း။

မကောင်းမှုကို မမြင်လို၊မကြားလို၊မပြောလိုတဲ့ မျောက်သုံးကောင်ပုံပြင်ကိုသိကြလား၊လက်ဖြင့် ပါးစပ်ကို ကာထားခြင်းဟာ မပြောချင်ပေမဲ့ ပြောရတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်နေပြီး လိမ်ပြောနေတယ်ဆိုတာကို သိနိုင်တဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

၂။နှာခေါင်းကို ပွတ်နေခြင်း။

နှာခေါင်းရှည် ပီနိုချီရိုကို မှတ်မိမယ် ထင်ပါတယ်။သူနှာခေါင်းဟာ လိမ်ပြောနေရင် ရှည်ရှည်ထွက်လာပါတယ်။တကယ်တော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကလည်း ဒိအတိုင်း တကယ်ဖြစ်ပါတယ်။လိမ်ပြောတဲ့အခါမှာ catecholamines ဆိုတဲ့ ကွန်ပေါင်းတစ်မျိုးထွက်လာပြီး နှာခေါင်းကအကျိအရွှဲတွေကို လှုံဆော်ပေးတဲ့အတွက် နှာခေါင်းက ယားယံလာပါတယ်။ဒီအချိန်မှာ သွေးဖိအားနဲ့ သွေးစီးဆင်းမှုကလည်း ပိုမိုများလာတဲ့ အတွက် နှာခေါင်းက မသိမသာရှည်လာပါတယ်။ဒီအချက်ကို အသေးစိတ်မမြင်နိုင်ပေမဲ့ လူတစ်ယောက်က စကားပြောနေတုန်းနှာခေါင်းကိုပွတ်နေပြီဆိုတာဟာ လိမ်ပြောတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။


၃။မျက်စိကိုပွတ်နေခြင်း။

လူတစ်ယောက်ဟာ သူမျက်စိကိုပွတ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်က ဦးနှောက်ကနေ မမြင်ချင်တဲ့ အရာတစ်ခုကို ဖုံးကွယ်နေတာဖြစ်ပါတယ်။(လိမ်ညာခြင်း၊သံသယ၊စိတ်ပျက်ဖွယ်မြင်ကွင်း)ယောင်္ကျားလေးတွေက သိသိသာသာ မျက်လုံးကိုပွတ်ကျပြီးတော့ မိန်းကလေးတွေမှာ ကျတော့ သိပ်သိသာခြင်းမရှိပါဘူး။ဒါပေမဲ့ အရေးကြီးတာ တစ်ခုက မိမိနဲ့စကားပြောနေသူရဲ့ မျက်လုံးထဲ တကယ်အမူန်ဝင်သွားတာလားဆိုတာလည်း သတိထားဖို့ လိုပါသေးတယ်။

၎။နားရွက်များကို ပွတ်နေခြင်း။

မျောက်သုံးကောင်ပုံပြင်ထဲလို ငါဘာမှ မကြားချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။သူလိမ်ပြောနေပေမဲ့ သူ့စကားကို သူပြန်မကြားချင်ဘူး။သင်ပြောတာကို ဟုတ်ကဲ့လို့လုပ်လိုက်ရပေမဲ့ သင့်စကားကို တကယ်မကြားချင်တဲ့အခါမှာ နားရွက်ကို ပွတ်နေတတ်ပါတယ်။

၅။လည်ပင်းကို ကုတ်နေခြင်း။

လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် တစ်နေ့၅ ကြိမ်လောက် သူတို့ရဲ့ လည်ပင်းကို အကြောင်းရင်းမရှိဘဲကုတ်တတ်လေ့ရှိပါတယ်။သင့်ကို မတတ်သာလို့ပြောလိုက်ရပေမဲ့ သူလည်ပင်းကို ကုတ်နေပြီဆိုရင်တော့ စိတ်ထဲမပါဘဲ ပြောလိုက်တာဖြစ်ပါတယ်။

၆။ကော်လာကို ဆွဲဆန့်နေခြင်း။

ဒီအပြုအမူဟာ လူတစ်ယောက်က မွန်းကျပ်နေပြီး အသက်ရူရခက်လာတဲ့အခါ လုပ်တတ်လေ့ရှိပါတယ်။လိမ်ပြောလိုက်ခြင်းဟာ သွေးဖိအားကို များလာစေပြီး ချွေးလည်းပိုထွက်လာတဲ့အတွက် လူတစ်ယောက်မွန်းကျပ်လာလေ့ရှိပါတယ်။

၇။ပါးစပ်နားတွင် လက်မရောက်နေခြင်း။

ဒီလိုပါးစပ်နားထဲလက်မ ရောက်နေခြင်းဟာ လူတစ်ယောက်ဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေကိုအလျင်အမြန် ပြန်ရောက်ချင်နေတယ် ဆိုတာကို ပြသနေပါတယ်။နူတ်ခမ်းကို လက်ဖြင့်ထိထားခြင်းဟာ လိမ်လည်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

Lumos (Shwemom)

Ref : Learning Mind

   

No comments:

Post a Comment