Latest News

Sunday, February 5, 2017

အမှိုက်သိမ်းကားများ တင်သွင်းခွင့်ရကုမ္ပဏီက စည်ပင်ထံ လာရောက်စစ်ဆေးခံ

အမှိုက်သိမ်းကားများ တင်သွင်းခွင့်ရကုမ္ပဏီက စည်ပင်ထံ လာရောက်စစ်ဆေးခံ


တင်သွင်းလာသည့် အမှိုက်သိမ်းကားများသည် မူလ တန်ဖိုးနှင့် ကွဲလွဲစွာတင်သွင်းလာ ခြင်းရှိ၊မရှိ ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီက စစ် ဆေးမှုများပြန်လည်ပြုလုပ်လျက်ရှိရာ အမှိုက်သိမ်းကားများ တင်သွင်းရန်တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီက လာရောက်တင်ပြ စစ်

ဆေးခံနေကြောင်း သတင်းရရှိသည်။

မူလတန်ဖိုးနှင့်ကွဲလွဲစွာတင် သွင်းလာခြင်း ရှိ၊မရှိ စစ်ဆေးရန် ကားများ၏တန်ဖိုးအထောက်အ ထားကို တောင်းခံထားသဖြင့် ကုမ္ပဏီက  လာရောက်တင် ပြနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ တာဝန်ရှိသူကပြောသည်။

‘‘ရက်ပိုင်းအတွင်းတော့ အ ဖြေထွက်မယ်။ ကွဲလွဲစွာတင်သွင်း လာတယ်ဆိုရင် ပြင်းပြင်းထန် ထန် အရေးယူမယ်’’ဟုရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ် လှိုင်မော်ဦးကပြောသည်။

မူရင်းနိုင်ငံမှ တင်သွင်းလာ သည့် အမှိုက်ကားတန်ဖိုးများသည် မှန်ကန်စွာတင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိပါက ကုမ္ပဏီက ၎င်းတို့ကို စွပ်စွဲပြောဆိုလာသူများ အား တရားစွဲဆိုရန် ပြင်ဆင်ထား ကြောင်း ဒေါ်လှိုင်မော်ဦးကဆို သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် ရန် ကုန်မြို့အတွက် အမှိုက်ကားများ တင်သွင်းခွင့်ကို တင်ဒါခေါ်ယူခဲ့ရာ အောင်ကမ္ဘာကုမ္ပဏီအား ရွေး ချယ် တင်သွင်းခွင့်ပေးခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက တင် သွင်းလာသည့် အမှိုက်ကားများ၏ ဓာတ်ပုံနှင့်အတူ မြန်မာနိုင်ငံသို့ တင်သွင်းလာစဉ် တန်ဖိုးကမူ ရင်းနိုင်ငံ၏ တန်ဖိုးနှင့် ကွာဟနေ ကြောင်း လူမှုကွန်ရက်စာမျက်နှာ ၌ ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီက ၎င်းတို့၏ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုဖြင့် ပြန်လည် ချေပ ရန် ပြင်ဆင်ထားကြောင်း သ တင်းရရှိသည်။

အောင်ကမ္ဘာကုမ္ပဏီက အ ဆိုပါကားများကို ၀ယ်ယူတင် သွင်းလာသည့် ဂျာမနီနိုင်ငံ Hako Group မှတာဝန်ရှိသူများကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် လာရောက် ဆွေးနွေးညှိနှိုင်းကြောင်းသတင်း ရရှိသည်။

အမှိုက်ကားများ တင်သွင်း စဉ်က မော်တော်ယာဉ်အမျိုးအ စားပေါ်မူတည်၍ ကျပ်သိန်းတစ် ထောင်ခန့် တန်ဖိုးရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်များကို လူမှု ကွန်ရက်စာမျက်နှာများ၌ ပုံမှန် တန်ဖိုးထက်လျော့နည်းပြီးတန်ဖိုး အနည်းငယ်သာရှိကာ ဈေးပိုမိုတင်၍ တင်သွင်းလာကြသည်ဟု အမျိုးမျိုးမျှဝေခဲ့ပြီး ပျံ့နှံ့လာခဲ့ သည်။ ရန်ကုန်မြို့၌ အချိန်တိုအ တွင်း သန့်ရှင်းရေးပြုလုပ်နိုင်သည့် အဆင့်မြင့် အမှိုက်သိမ်းယာဉ် ၁၁၄ စီး မှာယူထားရာ ပထမ အသုတ် ရောက်လာသည့် ၄၂ စီးကိုဇန်န၀ါရီ ၂၇ ရက်တွင် မိတ်ဆက်ခဲ့သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း ကျပ်သန်း ၆၀၀ တန်ဖိုးရှိ အမှိုက်ကားများဝယ်ယူရန် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ကုမ္ပဏီ များအား ၂၀၁၆ အောက်တိုဘာ က တင်ဒါခေါ်ယူခဲ့သည်။

Source: 7 Day


No comments:

Post a Comment