Latest News

Saturday, February 11, 2017

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် နှစ် ၇၀ ပြည့်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် နှစ် ၇၀ ပြည့်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား


နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကို အရပ်သားအစိုးရသစ်လက် ထက်၌ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီး နိုင်ငံတော် သမ္မတဦးထင်ကျော်က ပေးပို့သော နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အခမ်း အနားသ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
နှစ် ၇၀ ပြည့်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စု စိတ်ဓာတ်နိုးကြား ရှင်သန်ရေး၊ အမျိုးသား စည်းလုံးညီညွှတ်မှု ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘ၀များ တိုးတက်မြင့်မားရေး စသည့် အမျိုးသားရေး ဦးတည်ချက် ၄ ရပ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး ၊ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့်ဧည့်တော်များ တက်ရောက်ခဲ့သည်။

၂၀၁၇ခုနှစ်ဇန်နဝါရီ ၄ရက်နေ့က ကျရောက်ခဲ့သော ၆၉နှစ်မြောက်လွတ် လပ်ရေးနေ့ အလံတင်အခမ်းအနားကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကကြီးမှူး၍ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့သည် ။

Sources : News Watch

No comments:

Post a Comment