Latest News

Thursday, February 9, 2017

သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို့ ဦးအောင်စိုးကို စီအိုင်ဒီ ခြောက်နာရီကြာခေါ်ယူတွေ့ဆုံ

သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို့ ဦးအောင်စိုးကို စီအိုင်ဒီ

ခြောက်နာရီကြာခေါ်ယူတွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ  ၉

တရားလွှတ်တော်ရှေ့ နေဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်ပြီး ဆက်စပ်သတင်းအချက်အလက်တွေကို ဖော်ထုတ်ပြောဆိုနေသူ ဦးအောင်စိုးကို အင်းစိန်မြို့ နယ်မှုခင်းရဲတပ်ဖွဲ့ (CID)က လုပ်ကြံသူတွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို အတည်ပြုနိုင်ဖို့  ခေါ်ယူတွေ့ ဆုံခဲ့တယ်လို့  သိရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ က အင်းစိန်မြို့ နယ်မှုခင်းရဲတပ်ဖွဲ့ (CID)မှာ ရဲတပ်ဖွဲ့ က ဦးအောင်စိုးကို့  အချိန်၆ နာရီကျော်ကြာအောင် တွေ့ ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

သေနတ်သမားဦးကြည်လင်းနဲ့ဆက်စပ်သံသယရှိခံရသူ ဦးအောင်ဝင်းဇော်တို့ အကြောင်းတွေ၊ အဲသည်နှစ်ယောက်စလုံးရဲ့ ကိုယ်အမူအရာ၊ နူတ်အမူအရာတွေအပါအ၀င် သူတို့ နဲ့ ဦးအောင်စိုးတို့ အကြားက ရင်းနှီးမှုတွေကို မေးမြန်းခဲ့တယ်လို့  ဦးအောင်စိုးက ပြောပါတယ်။ ”အောင်ဝင်းဇော်အကိုဆီလာသွားတဲ့ ကိစ္စတွေကိုမေးတယ်။
ဂျာနယ်ထဲမှာတွေ့ ခဲ့ရတဲ့ ကိစ္စတွေအကြောင်း အသေးစိတ်ပြန်မေးတယ်။

အတည်ပြုတယ်။ ခေါ်ပြီးအတည်ပြုတာပေါ့။
အကိုသိတာတွေကိုတော့ သိတယ်လို့  ပြောလိုက်တယ်။ မသိတာကိုတော့ မသိဘူးပြောတယ်။ ဘာဖြစ်လို့ လဲဆိုတော့ စကားတစ်လုံး အမှားခံလို့  မရဘူး။” လို့ ဦးအောင်စိုးက ပြောပါတယ်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ ဦးအောင်စိုးဟာ သက်သေတစ်ဦးအနေနဲ့  ဆက်လက်လိုက်ပါရမယ်၊ မလိုက်ပါရဘူးစတဲ့ အကြောင်းတွေကိုတော့ CID က ပြောဆိုခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

”တစ်ခုတော့ ပြောတယ်။ သူတို့ ဒီအမှုကို စီစစ်ဖော်ထုတ်နေတဲ့ အခါမှာ ပြသင့်တာတွေ၊ သိသင့်တာတွေကိုတော့ မေးမယ့် အကြောင်းကိုတော့ ပြောတယ်။ အကိုလည်း အကိုသိတဲ့ ကိစ္စတွေ ပြောမယ်။

ဓာတ်ပုံတွေ လာပြရင်လည်း ဒါဘယ်သူဘယ်ဝါဖြစ်နိုင်တယ်ဆိုတာကိုပြောမှာပါ။” လို့  ဦးအောင်စိုးက ပြောပါတယ်။ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သတ်ပြီး ဦးအောင်စိုးကတော့ ၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ ခုနှစ်တွေမှာ မန္တလေးထောင်မှာနေခဲ့တဲ့ဘုရားသူခိုးမှုတွေကို လိုက်လံစုံစမ်းကြည့်ဖို့ ကိုလည်း ရဲတပ်ဖွဲ့ ကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ဦးအောင်စိုးဟာ မန္တလေး အိုးဘိုထောင်မှာ ထောင်ကျခဲ့တဲ့ အကျဉ်းသားဟောင်း တစ်ဦး ဖြစ်ပါတယ်။

အိုးဘိုထောင် မှာ ရှိနေချိန်က တရားလွတ်တော်ရှေ့ နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော် အတူ နေထိုင်ခဲ့ဖူးသူဖြစ်ပြီး သူတို့ နှစ်ဦးလုံးဟာ စိတ်တူကိုယ်တူတွေဖြစ်တယ်လို့  သိရပါတယ်။

ဒါ့အပြင် အိုးဘိုထောင်က ထွက်ပြီးနောက်ပိုင်းမှာ လူတစ်ယောက်ကို သတ်ပေးဖို့ ဦးအောင်ဝင်းဇော်ရဲ့ လာရောက်ကမ်းလှမ်းတာခံရတဲ့ သူတစ်ယောက်ဖြစ်တယ်လို့  Myanmar Now သတင်းဌာနနဲ့ တွေ့ ဆုံချိန်မှာ ပြောဆိုထားသူဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ ကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးချုပ်ကလည်း ဦးကိုနီအသတ်ခံရမှုနဲ့ ပတ်သတ်ပြီး ဦးအောင်စိုးကို အလွတ်သဘောခေါ်ယူတွေ့ ဆုံခဲ့ပါတယ်။
Kumudra

No comments:

Post a Comment