Latest News

Thursday, February 23, 2017

ဝေဠုကျော် ဆိုင်ကယ်မောင်းနေစဉ် အရိုက်ခံရပြီး နောက်ပါစီးနှင်းသူ သေဆုံး (ရုပ်သံ)








ဇန်နဝါရီ ၁၄ ရက်နေ့ ဒလမြို့ နယ်(ဆောင်း) လက်ဖက်ရည်ဆိုင်ရှေ့ ဆိုင်ကယ်မောင်းသူ ဝေဠုကျော်မောင်းနှင်ပြီး နောက်ပ်ါဆီးနှင်းလိုပ်ပါသူ ထူးထူးအောင်အား ဆိုင်ကယ်ဦးထုတ်မဆောင်းခြင်းအပေါ် ယဉ်ထိန်းရဲမှ မြေပြင်မှ တုတ်နှင့် ပြင်းထန်စွာရိုက်လိုက်သောကြောင့် အနောက်တွင်စီးနှင်းလိုက်ပါသူ ထူးထူးအောင်မှာ
ဒဏ်ရာဖြင့် ဆိုင်ကယ်ပေါ်မှပြုတ်ကျသေဆုံးခဲ့သည် ဆိုင်ကယ်မောင်းသူ ဝေဋ္ဌုကျော်မှာလည်း အရိုက်ခံ
လိုက်ရသော ဦးခေါင်းဒဏ်ရာကြောင့် သတိလစ်၍ဆိုင်ကယ်တိမ်းမှောက်ခဲ့သည်။

 အဆိုပါဖြစ်စဉ်အား ယဉ်ထိန်းရဲဘက်မှ ဆိုင်ကယ်မဆင်ခြင်မောင်းမှု ဖြင့် လက်ဦးမှုရယူကာ ဒလရဲစခန်း
တွင်အမှုဖွင့်လိုကပ်ါသည် သေးဆုံးသူ ၏ဖခင် ဦးဇော်မင်းမှ ယဉ်ထိန်းရဲရိုက်လိုက်သောကြောင့် ၄င်း၏သားမှာ ဒဏ်ရာရ ပြုတ်ကျသေဆုံးရကြောင်း မျက်မြင်သက်သေများနှင့် သွားရောက်အမှုဖွင့်တိုင်တန်းသော်လည်း ယနေ့(21.2.2017)ထိ အမှုဖွင့်မရသေးပါ ယခုအခါ ယဉ်ထိန်းရဲဘက်မှ တိုင်ကြားချက်ကြောင့် 
ဆိုင်ကယ်မောင်း (အရိုက်ခံရ ၍ ၄ ချက်ချုပ်)ရသူ မောင်ဝေဋ္ဌုကျော်အား ဒလမြို့ နယ်ရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ကာ တရားရုံးသို့  တရားစွဲဆိုလိုက်ပါသည် ယနေ့ (21.2.2017) နေ့တွင်မြို့ နယ် ဒလတရားရုံး တရားခွင်တွင် ရုံးထုတ်ပါသည် သေဆုံးသူများဘက်မှ မသက်ဆိုင်သူက အဖမ်းခံရပြီး သက်ဆိုင်သူ တရားခံ အားအရေးမယူသေးခြင်းအပေါ် စိတ်မကောင်းကြောင်း ပြောကြားပါသည် မောင်ဝေဋ္ဌုကျော် အား အချုပ်
ကားပေါ်သို့  ခေါ်ဆောင်သွားစဉ်
 (သူရိယအလင်း သတင်းမီဒီယာ) မှ မေးမြန်းမှု ဗီဒီယိုဖိုင်(1) မှတ်ချက် / ဒုရဲအုပ် အမှုစစ်ကျော်သူအောင်၏ မှတ်တမ်းတွင် ဆိုင်ကယ်မောင်သူ မှ အရက်သောက်ထားကြောင်းဖေါ်ပြထားသော်လည်း ကာယကံရှင်နှင့်ပါတ်ဝန်းကျင်အားစုံစမ်းကြည့်ရာ ဝေဋ္ဌုကျော်သည်အရက်မသောက်တတ်ကြောင်း အခင်းဖြစ်တာကလည်း နံနက် ၁၁ နာရီဖြစ်သောကြောင့် မဖြစ်နိုင်ပဲ အမှုစစ်၏ ရေးသားချက်များကို ဝေဖန်ပြစ်တင်ကြသည် ဆေးစာမှတ်တမ်းတွင်လည်းခေါင်းထိခိုက် ဒဏ်ရာကြောင့် ထူးထူးအောင်သေဆုံးရကြောင်းဖေါ်ပြထားပါသည်။
ကိုစိုးကျော်

No comments:

Post a Comment