Latest News

Friday, February 24, 2017

နှစ်စဉ် အခွန်နှုန်းထားပြောင်းလဲခြင်းကြောင့် တိုင်းပြည်စီးပွားရေးထိခိုက်နိုင်


နှစ်စဉ် အခွန်နှုန်းထားပြောင်းလဲခြင်းကြောင့် တိုင်းပြည်စီးပွားရေးထိခိုက်နိုင်
 
နှစ်စဉ်အခွန်နှုန်းထားတွေ ပြောင်းလဲကောက်ခံတာကြောင့်  တိုင်းပြည်စီးပွားရေးထိခိုက်တဲ့ အကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးကပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းတွေချက်ကို ပြန်လည်ဖြေကြားသွားတာဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည် အခွန်နှုန်းထားတွေကို တသတ်မတ်တည်း ကြိုကြေညာပြီး မြန်မာနိုင်ငံမှာ တည်ဆဲဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀(ခ) အရ အခွန်ကောက်တဲ့ ဥပဒေတွေကို နှစ်စဉ်တင်ရတယ်လို့ ပြောပါတယ်။

ဒေါက်တာမြတ်ဥာဏစိုးက“ ဘယ်လောက်ရာခိုင်နှုန်းတိုးမြှင့်မယ်ဆိုရင် ကြိုပြီးတော့ ပြင်ဆင်ချိန်လည်း ရပါတယ်။ အဲလိုမျိုး မြန်မာနိုင်ငံမှာ လုပ်နိုင်လာမလားဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၀၀(ခ) ပြဋ္ဌာန်းချက်က ရှိနေတဲ့အတွက်ကြောင့် နှစ်စဉ်ကတော့ တင်နေရမှာပဲ။ တင်နေတဲ့အထဲမှာမှ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့ တရားစီရင်တယ်ဆိုသလိုပဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက ဒီပေါ်မှာ ချင့်ချိန်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း အခွန်နှုန်းတွေကို ပြောင်းလဲပြင်ဆင်တာတွေ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှုန်းက နှေးကွေးနေမှာပါ” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀(ခ) မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိတဲ့ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတွေကို သတ်မှတ်တဲ့ နည်းလမ်းတွေနဲ့အညီ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရ မယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

နောင်လာမယ့် နှစ်တွေမှာ အားလုံးထမ်းဆောင်နိုင်တဲ့ အခွန်နှုန်းထားတွေဖြစ်အောင် ရည်ရွယ်ပြီး ပြင်ဆင်သွားမယ်လို့  ဥပဒေကြမ်း ပူးပေါင်းကော်မတီ တာဝန်ရှိသူက ဆိုပါတယ်။

DVB

No comments:

Post a Comment