Latest News

Tuesday, February 14, 2017

ဒုက္ခသည်စခန်းမှာ လုံခြုံရေး ပြဿနာရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

ဒုက္ခသည်စခန်းမှာ လုံခြုံရေး ပြဿနာရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြသူတွေကို ထားရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း က ဒုက္ခသည်စခန်းမှာ လုံခြုံရေးပြဿနာကြောင့် မလေးရှား ရိက္ခာတင်သင်္ဘောက ကူညီရေးလုပ်သား အနည်းငယ်သာ ဝင်ရောက်ခွင့်ပြုနိုင်မယ်လို့ အစိုးရက ပြောဆိုကြောင်း  Bernama သတင်း ကဖေါ်ပြပါတယ်။

နိုင်ငံပေါင်း ၁၂ နိုင်ငံက လှူဒါန်းတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ အ၀တ်အထည် စတဲ့ ကူညီရေးပစ္စည်းတွေ တန်ချိန် ၂၀၀၀ နဲ့ စေတနာ့ဝန်ထမ်း ကူညီရေးလုပ်သားတွေ၊ သတင်းထောက်တွေ ပါဝင်တဲ့ မလေးရှား ရိက္ခာတင်သင်္ဘောဟာပြီးခဲ့တဲ့ သောကြာနေ့က ရန်ကုန်ဆိပ်ကမ်းမှာ ကူညီရေး ပစ္စည်း တန်ချိန် ၅၀၀ ကို ချထားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းကို တနင်္လာနေ့က ရောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ စစ်တကောင်း ဒုက္ခသည်စခန်းမှာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် သဘောင်္ပါ ကူညီရေးလုပ်သား ၁၈၂ ယောက်လုံးကို ဝင်ခွင့်မပြုဘဲ၊ ၂၅ ယောက်ကိုသာ အစိုးရက ဝင်ခွင့်ပြုခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ သေနတ်လက်နက်တွေ တွေ့ရှိခဲ့ရကြောင်း။ ဒါကြောင့် ကူညီရေးလုပ်သားအားလုံး ဝင်ရောက်လို့ တစ်စုံတရာဖြစ်ပွားရင် အခြေအနေကို ထိန်းသိမ်းနိုင်မှာမဟုတ်ကြောင်း၊ သူတို့အားလုံးရဲ့ လုံခြုံရေးကို အာမ မခံနိုင်တဲ့အတွက်၊ လုပ်သား ၂၅ ဦး သာဝင်ခွင့်ပြုမှာဖြစ်ကြောင်း ဘင်္ဂလားဒ့ရှ်အစိုးရက  ပြောဆိုတယ်လို့ ကူညီရေးအဖွဲ့အကြီးအကဲ အဗ္ဗဒူ အာဇိ က သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒါ့ပြင် သဘောင်္ပါ ကူညီရေးပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် လခြမ်းနီအသင်းနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသူများဆိုင်ရာ အဖွဲ့ထံ လွဲပြောင်းပေးခဲ့ပြီးတဲ့နောက်၊ ပစ္စည်းတွေ ဝေငှတာကို ကြည့်ရှုလိုရင်၊ နောက် ၁၅ ရက် ကြာတဲ့အခါ ပြန်လာကြည့်ပါလို့ ဘင်္ဂလားဒေ့အစိုးရက ပြောဆိုကြောင်းလည်း အဗ္ဗဒူ အာဇိ ကြေေပြောပါတယ်။

RFA

No comments:

Post a Comment