ချန်ပီယံလိဂ် ၀င်ခွင့်ဆုံးရှုံးရင် မန်ယူ အသင်း ပေါင် ၈၅ သန်း ထိခိုက်ဖွယ်ရှိ
မန်ယူအသင်း ဟာ အခုရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်နေရာ ဆုံးရှုံးခဲ့မယ်ဆိုရင် ပေါင် ၈၅ သန်းကျော် အရှုံးပေါ်မယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ စာချုပ်တစ်ရပ် မှာ ချန်ပီယံလိဂ်ဝင်ခွင့် ၂ ကြိမ်ဆုံးရှုံးခဲ့မယ်ဆိုရင် ငွေကြေးလျှောချမယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်သာ ၀င်ခွင့်ရလို့ အခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးမယ်ဆိုရင် ငွေကြေး ဖြတ်တောက်ခံရဖွယ်ရှိတယ်လို့ ဗြိတိန် သတင်းဌာနကဖော်ပြပါတယ်။
ဒါအပြင် မန်ယူအသင်း ဟာ ချန်ပီယံလိဂ် ၀င်ခွင့်ဆုံးရှုံးချိန်မှာ ဆုကြေးငွေ နဲ့ ချန်ပီယံလိဂ် ရုပ်သံဝင်ငွေ စုစုပေါင်း ပေါင် ၆၀ သန်းအရှုံးပေါ်ဖွယ်ရှိနေတယ်။
ထိုအတွက်ကြောင့် မန်ယူအသင်းဟာ ရာသီမစခင်တည်းက ငွေကြေး အမြတ်ရအောင်အတွက်ကြီးမားတဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ခွင့်ရမယ်ဆိုရင် ရုပ်သံငွေ ရရှိမှု၊ အုပ်စု အဆင့်လိုက်ဆုကြေးနဲ့ ကွင်းဝင်ကြေး စတဲ့အရာတွေကိုပါရရှိမှာဖြစ်တာကြောင့် ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးတာဟာ မန်ယူအသင်းအတွက်ကြီးမား တဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်လာစေပါတယ်။
ZMO
Ref:dm
MHM Media
Subscribe to:
Post Comments (Atom)
No comments:
Post a Comment