Latest News

Wednesday, February 15, 2017

၂၀၁၆ အကယ်ဒမီပေးပွဲ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခွင့်ရ

၂၀၁၆ အကယ်ဒမီပေးပွဲ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခွင့်ရ


 ၂၀၁၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ပြည်သူ့ရင်ပြင်တွင် ကျင်းပရန် သေချာပြီဖြစ်ပြီး မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ယင်းနေရာ ၌ ပထမဆုံးအကြိမ် ကျင်းပနိုင် ခြင်းဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

‘‘နေရာက ပြည်သူ့ရင်ပြင်က သေချာပါပြီ။ နှစ်ရက်၊သုံးရက်အ တွင်းမှာ Official Letter နဲ့ရန်ကုန် တိုင်းအစိုးရအဖွဲ့က အကြောင်း ပြန်ပါလိမ့်မယ်’’ဟု ၎င်းကပြော သည်။

အဆိုပါနေရာတွင် ကျင်းပ ခွင့်ရရှိရန် ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ဇန်န၀ါရီ ၃၀ ရက် ၌ သွားရောက်တွေ့ဆုံ၍လျှောက် လွှာတင်ခဲ့ခြင်းဖြစ်သည်။

‘‘ကိုယ်တို့မြန်မာ့ရုပ်ရှင်အနု ပညာရှင်တွေဆိုတာကလည်းကာ ရိုက်တာအရ ဇာတ်ကားတိုင်းမှာ ဟော့ရှော့တွေ ဘယ်လိုပဲဝတ် ၀တ် ဒီအကယ်ဒမီဆုပေးပွဲဆိုရင် တော့ မြန်မာဆန်ဆန် ပွဲထွက်ရ မယ်။ မြန်မာ့ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်တဲ့ ပွဲတစ်ပွဲဖြစ်ပါ တယ်။ အဲဒီလိုအခမ်းအနားမျိုးကို ပြည်သူ့ရင်ပြင်လို နေရာမျိုးမှာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးက နောက်ခံနဲ့ ခမ်းခမ်းနားနား၊နောက် ပြီး Outdoor၊ ခါတိုင်းဆို Indoor ပဲကျင်းပနေတာဆိုတော့ Outdoor လည်းကျင်းပချင်လို့ ပြည်သူ့ရင် ပြင်မှာကျင်းပဖို့ အိပ်မက်မက်ခဲ့ တာ’’ဟု ပြည်သူ့ရင်ပြင်တွင်ကျင်း ပခွင့်ရရှိသည့်အပေါ် ၎င်း၏ခံစား ချက်ကိုပြောသည်။

၂၀၁၆ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနား ကို မတ်လ ၁၈ ရက်တွင် ကျင်းပ မည်ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌရာထူးမှ အနားယူတော့မည်ဖြစ်သောကြောင့် ၎င်း၏ နှုတ်ဆက်ပွဲလည်းဖြစ်ကြောင်း ဦးလူမင်းကပြောသည်။

၂၀၁၆ မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုစာရင်းဝင်သည့် ရုပ်ရှင် ဇာတ်ကား ၃၃ ကားအထိရှိပြီး ဆုရွေးချယ်ရေးလုပ်ငန်းများ ပြီး ဆုံးပြီဖြစ်ကြောင်း ဦးလူမင်းက ပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲ အခမ်းအနားကို ၁၉၅၂ တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ပြည်သူ့ရင်ပြင်၌ တစ်ကြိမ်မျှ ပြုလုပ်ခဲ့ခြင်းမရှိပေ။

7Day

No comments:

Post a Comment