၁၀၀ ရာခိုင်နှုန်း အနက်ရောင်စတေကာ ကပ်ထားသည့်
ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမည်
ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ၁ဝဝ ရာခိုင်နှုန်း အနက်
ရောင်စတေကာများ ကပ်ထားသည့် ယာဉ်များကို စီမံ
ချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း အမှတ်
(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်
တွင် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်လျက် ရှိသော ယာဉ်များအား နေပူဒဏ်ကာကွယ်ရန် မှန်များတွင် ကပ်
ထားသည့် အနက်ရောင် ပါဝင်မှု ၆ဝ ရာခိုင်နှုန်းအထိ ရှိ
သော စတေကာများကို ကပ်ခွင့်ပြုထားသော်လည်း အချို့
ယာဉ်ပိုင်ရှင်များသည် ၁ဝဝ ရာခိုင်နှုန်း ပါဝင်သည့် အနက်
ရောင် စတေကာများကို ကပ်ထားခြင်းကို တွေ့ရှိရကြောင်း
သိရသည်။
နေအရမ်းပူချိန်တွင် နေရောင်ကြောင့် ရှေ့မြင်ကွင်းကို ကြည့်
ရန် အခက်အခဲ ရှိခြင်း၊ ယာဉ်ထဲတွင် တစ်နေ့လုံး နေပူခံရပြီး အရေပြားနေလောင်သည့် ပြဿနာရှိခြင်းတို့ကြောင့် အနက်ရောင်
၎ဝ ရာခိုင်နှုန်း မှ ၆ဝ ရာခိုင်နှုန်းအထိ ပါဝင်သော စတေကာ
များကို ကားများတွင် တရားဝင်ကပ်ခွင့်ပေးထားကြောင်း၊
သို့ရာတွင် အချို့ယာဉ်မောင်းများက ထိုအချက်ကို အခွင့်
ကောင်းယူကာ အနက်ရောင် ၁ဝဝ ရာခိုင်နှုန်းပါဝင်သော
စတေကာများကို ကပ်လာကြသည့်အတွက် မလိုလားအပ်
သော အမှုအခင်းများ ရှိလာမည်ကို စိုးရိမ်သောကြောင့်
ဖမ်းဆီးစစ်ဆေးရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးအနေဖြင့် ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ အနက်ရောင် ၁ဝဝ ရာခိုင်နှုန်း ပါဝင်သည့်
စတေကာများကို စက်များအသုံးပြု၍ တိုင်းတာစစ်ဆေး ဖမ်းဆီး
သွားမည် ဖြစ်ပြီး ဖမ်းဆီးခံရသည့် ယာဉ်ပိုင်ရှင်များကို ငွေဒဏ်
ချမှတ် အရေးယူသွားမည် ဖြစ် ကြောင်း သိရသည်။
ထို့ပြင် အနက်ရောင်မဟုတ်ဘဲ အခြား အရောင်ပြန်ပါဝင်သည့်
စတေကာများ ကပ်ထားသည့် ယာဉ်များကိုလည်း စီမံချက်ဖြင့်
ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
The Myanmar Time
Subscribe to:
Post Comments (Atom)
No comments:
Post a Comment