Latest News

Friday, February 17, 2017

ဦးကိုနီကို လုပ်ကြံခံရမှု တရားခံအစစ် ဖော်ထုတ်အရေးယူနိုင်မယ် မထင်ဟုဆို

ဦးကိုနီကို လုပ်ကြံခံရမှု တရားခံအစစ် ဖော်ထုတ်အရေးယူနိုင်မယ် မထင်ဟုဆို

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ နိုင်ငံရေးလုပ်ကြံမှုမှာ ညွှန်ကြားတဲ့ တရားခံ အစစ်အမှန်ကို အစိုးရအဖွဲ့အနေနဲ့ ဖော်ထုတ် အရေးယူနိုင်မယ် မထင်ဘူးလို့ မြန်မာနိုင်ငံရှေ့နေကွန်ရက်က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံရှေ့နေကွန်ရက်က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကို MCN ရုပ်သံသတင်းဌာနက သီးသန့်ဆက်သွယ်မေးမြန်းစဉ်မှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေကို အစိုးရအဖွဲ့က မထိန်းချုပ်နိုင်ပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာ ရှိနေတဲ့အပေါ် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ဖွယ် မရှိဘူးလို့ ဦးကြီးမြင့်က ပြောကြားလိုက်တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာဆိုရင်တော့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ခိုင်းစေခဲ့သူ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်ခဲ့ ဖူးတဲ့ အောင်ဝင်ခိုင်ဟာ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်ပြီး ဖမ်းဆီး ရရှိခြင်း မရှိသေးတဲ့ အခြေအတွေလည်း ဖြစ်ပေါ်နေပါတယ်။

MCN TV

No comments:

Post a Comment