Latest News

Thursday, February 16, 2017

အဝေးသင်တက္ကသိုလ်ဒုတိယနှစ် ဒဿနိကဗေဒဘာသာရပ် စာမေးပွဲအောင်စာရင်းမှားယွင်းထုတ်ပြန်

အဝေးသင်တက္ကသိုလ်ဒုတိယနှစ် ဒဿနိကဗေဒဘာသာရပ်
စာမေးပွဲအောင်စာရင်းမှားယွင်းထုတ်ပြန်

မြင့်မြတ်အောင်မြင်

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်အဝေးသင်တက္ကသိုလ် (ဒဂုံတက္ကသိုလ်ဌာနခွဲ) ဒုတိယနှစ် ဒဿနိကဗေဒ ဘာသာရပ်စာမေး ပွဲအောင်စာရင်းထုတ်ပြန်ရာတွင် မှားယွင်းခဲ့သဖြင့် ပြင်ဆင်ပြီးဒုတိယ အကြိမ် ထုတ်ပြန်ခဲ့ရကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်ပညာ ရေးဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂ဝ ရက် က ရန်ကုန်အဝေးသင်တက္ကသိုလ် တွင် ထုတ်ပြန်ခဲ့သည့်အောင်စာရင်း မှာ လွဲမှားနေခြင်းကြောင့် ယခုလ ၈ရက်တွင် ပြန်လည်ပြင်ဆင်ကာ ဒုတိယအကြိမ်ထုတ်ပြန်ခြင်းဖြစ် ကြောင်း သိရသည်။

ပထမအကြိမ်အောင်စာရင်း တွင် အမည်စာရင်းပါဝင်ခဲ့သည့် ကျောင်းသားများသည် ဒုတိယ အကြိမ် အောင်စာရင်းထုတ်ပြန် ရာတွင် မပါခဲ့ကြောင်း ပထမ အကြိမ်အောင်စာရင်းထုတ်ပြန်ရာ တွင် အမည်စာရင်းပါဝင်ခဲ့သည့် ကျောင်းသူ မမို့မို့ကြည်က ပြော ကြားသည်။

ကျောင်းသူမမို့မို့ကြည်က ''ကျွန်မတို့အောင်စာရင်းတွေကို ဌာနမှူး လက်မှတ်နဲ့ ပထမအကြိမ်ထုတ်ပြန်တယ်။ အွန်လိုင်းပေါ်မှာတင်ခဲ့တယ်။ အဲဒီစာရင်းက မှားနေတယ်ဆိုပြီး ဒီလ ၈ ရက်မှာ ဒုတိယအကြိမ် ပြန်ထုတ်ခဲ့တယ်။ ဒုတိယအကြိမ်လည်းရောက်ရော ပထမစာရင်းမှာ နာမည်ပါတဲ့သူတွေ မပါတော့ဘူးဖြစ်နေတယ်။အဲ့ဒီလိုဖြစ်နေလို့ ပါမောက္ခ ကိုသွားတွေ့ပြီးပြောတော့ ကွန်ပျူတာရိုက်တာမှားတာနဲ့ ဆရာမတွေ ဘက်ကမှားနေတာပါဆိုပြီးပြောတယ်''ဟု ပြောကြားခဲ့သည်။

ထိုသို့အောင်စာရင်းလွဲမှားမှုများကြောင့် ဒုတိယနှစ်အဝေးသင် ဒဿနိကဗေဒဘာသာရပ်၏ နောက်ဆုံးအောင်စာရင်းကို ထုတ်ပြန်နိုင် ခြင်းမရှိသေးကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူ က ''အောင်စာရင်းမှာ စာစဉ်အမှတ်တွေကိုထည့်မပေါင်းမိလို့ ဖြစ်သွား တာပါ။ အခုအဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်လုပ်နေပြီ။ ဒီလထဲမှာအောင်စာ ရင်းထုတ်ပြန်မှာပါ''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဒုတိယနှစ်အဝေးသင်ဒဿနိကဗေဒဘာသာရပ်ကို ကျောင်း သားကျောင်းသူ ၂ဝဝ ခန့် ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာရင်းမထုတ် ပြန်သေးသဖြင့် ကျောင်းအပ်ရခြင်းမရှိသေးသည့်အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဆရာမများက အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်မည်ဟု တာဝန်ခံဌာနမှူးက ကျောင်းသားများအား ပြောဆို ခဲ့ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment