Latest News

Tuesday, February 7, 2017

ယဉ်ကျေးမှုဝန်ကြီးဟောင်းကို တောင်ကိုရီးယား အစိုးရရှေ့နေ စွဲချက်တင်

ယဉ်ကျေးမှုဝန်ကြီးဟောင်းကို တောင်ကိုရီးယား အစိုးရရှေ့နေ စွဲချက်တင်


ဆိုးလ်၊ဖေဖော်ဝါရီ ၇

သမ္မတကိုဝေဖန်သူတွေကို အမည်ပျက်စာရင်းသွင်းမှာအဓိကနေရာကပါဝင်ခဲ့မှုအတွက် လိမ်လည်သက်သေထွက်ဆိုမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ သမ္မတပတ်ဂွန်ဟေးရဲ့ ထိပ်တန်းလက်ထောက် တစ်ဦးနဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်းတစ်ဦးတို့ကို တောင်ကိုရီးယားအထူးအစိုးရရှေ့နေက စွဲချက်တင်လိုက်ပြီလို့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကဆိုပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဟောင်း ချိုယွန်ဆွန်းဟာ ပြီးခဲ့တဲ့လက ပတ်ဂွန်ဟေးအစိုးရအဖွဲ့ရဲ့လက်ရှိရာထူးရှိသူတွေထဲ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ပထမဆုံးအရာရှိတစ်ဦးဖြစ်လာပါတယ်။

သူဟာနောက်ပိုင်းမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ပတ်ရဲ့သမ္မတရုံးအကြီးအကဲဟောင်းတစ်ဦးကိုလည်း စွဲချက်တင်ထားတယ်လို့ အထူးဥပဒေရုံးကပြောခွင့်ရပုဂ္ဂိုလ် လီကျူချူးလ် က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

အဆိုပါဥပဒေရုံးဟာ ဒီဇင်ဘာလက လွှတ်တော်က သမ္မတ ပတ်ဂွန်ဟေးကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေဖယ်ရှားလိုက်တဲ့ လာဘ်စားမှုအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးနေတဲ့ ရုံးဖြစ်ပါတယ်။

[Ref: Reuters; 7 February 2017]
by - မအေးသီမွန်
Kumudra

No comments:

Post a Comment