Latest News

Saturday, February 18, 2017

ကျောင်းချိန်အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေး ကျောင်းကား စနစ်ကို အကောင်အထည်ဖော် နိုင်ရန် စီစဉ်နေ

ကျောင်းချိန်အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေး ကျောင်းကား

စနစ်ကို အကောင်အထည်ဖော် နိုင်ရန် စီစဉ်နေ

   


ကျောင်းချိန်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်မည့် ကျောင်းကားစနစ်ကို အကောင်အထည် ဖော်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရှိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကျောင်းတစ်ချို့တွင် ကျောင်းတက် ကျောင်းဆင်းချိန်များ၌ ကားများ လမ်းမပေါ် ရပ်ထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့်မှုများ ဖြစ်ပေါ်နေသည့်အတွက် ကျောင်းကားစနစ်ကို ဖော်ဆောင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

“နာမည်ကြီးကျောင်းတွေမှာ ကျောင်းသားတစ်ဦးကို အိမ်က ကားတစ်စီးနဲ့ လာကြိုနေတဲ့အတွက် ကျောင်းချိန် အတွင်း ယာဉ်ကြောပိတ်ဆို့မှု ကြီးကြီးမားမားဖြစ်တာ။ ဒါ့ကြောင့်မို့ တော်တော်များများကို ခေါ်ယူညှိနှိုင်းမှာ။ အဲဒါနဲ့ ပတ်သတ်ပြီး ကုမ္ပဏီစနစ် ပူးပေါင်းဖို့ ရှိပြီး လာမည့် စာသင်နှစ်မှာ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားသွားမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

ကျောင်းကားများနှင့် ပတ်သတ်ပြီး သီးသန့်စီမံကိန်းတစ်ခုဖြင့် လုပ်ဆောင်ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားခဲ့ပြီး အဆိုပါ လုပ်ငန်းလုပ်ဆောင်မည့် စီးပွားရေး လုပ်ငန်းရှင်များလည်း ရှိကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

“အခုလိုလုပ်မယ့်ဆိုတော့ တစ်ချို့မြို့ထဲက နာမည်ကြီးကျောင်းတွေဆို ကားလမ်းမပေါ်မှာ ရပ်ထားတော့ ကျန်တဲ့ ရုံးသွားရုံးလာလူတွေပါ အခက်အခဲဖြစ်တယ်။ ကားတွေကြပ်ကုန်တယ်။ အခုလို အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ကျန်တဲ့သူတွေပါ အဆင်ပြေနိုင်မယ်။”ဟု ကိုလှထွန်းက ပြောသည်။
လက်ရှိအချိန်တွင် ကလေးငယ်များအား ကိုယ်ပိုင်ယာဉ်ဖြင့် ကြိုပို့နေသည့် မိဘတစ်ချို့မှ ဖြုနီကြား နေရာများတွင် ယာဉ် ၂ စီး ထပ်ရပ်ထားခြင်းကြောင့် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။


Credit:

TAGSကျောင်းဆင်းချိန်
   

No comments:

Post a Comment