Latest News

Thursday, February 16, 2017

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်၏ စစ်ဆင်ရေး လုပ်ငန်းများ ရပ်ဆိုင်း

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်၏ စစ်ဆင်ရေး လုပ်ငန်းများ ရပ်ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

နယ်ခြားစောင့်ရဲစခန်များ တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က လုပ်ဆောင်နေသည့် စစ်ဆင်ရေး ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နယ်မြေဒေသ အခြေအနေအရ စစ်ဆင်ရေး လုပ်ဆောင်ရန် မလိုအပ်တော့သဖြင့် ဇန်နဝါရီလ လကုန်ပိုင်းက ယင်းသို့ ရပ်ဆိုင်းခြင်းသာဖြစ်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ဖိအားပေးမှုကြောင့် ရပ်ဆိုင်းခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“တပ်မတော်က စစ်ဆင်ရေး မလုပ်တော့ဘူး။ အခုက တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့က အဓိက လုပ်နေတယ်။ တပ်ကတော့ အရန်အနေနဲ့တော့ ရှိနေတယ်။ ရွာတွေကို ဝင်ရောက်ရှင်းလင်းတာတွေကတော့ မရှိတော့ဘူး” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

မောင်တောနှင့် ရသေ့တောင်ရှိ နယ်ခြားစောင့် ရဲစခန်းများကို ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ဘင်္ဂါလီများက ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်သဖြင့် ရပ်တပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အဆိုပါ နယ်မြေကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းခဲ့ကြသည်။

The Voice

No comments:

Post a Comment