Latest News

Sunday, February 19, 2017

ပြည်တွင်း ဘဏ်အတိုးနှုန်း ထပ်မံလျှော့ချရန် အစိုးရစီစဉ်

ပြည်တွင်း ဘဏ်အတိုးနှုန်း ထပ်မံလျှော့ချရန် အစိုးရစီစဉ်

ပြည်တွင်း ဘဏ်အတိုးနှုန်းတွင် ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ  ထပ်မံ လျှော့ချရန် စီစဉ်နေကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ပြောကြားသည်။

အသေးစား၊ အလတ်စား လုပ်ငန်းများ ပြည်တွင်းဘဏ်များ မှ ငွေကြေးအရင်းအနှီးရယူရေး အခက်အခဲဖြစ်စေသော ဘဏ်အတိုးနှုန်းကို လျှော့ချနိုင်ရန် အစိုးရအဖွဲ့အတွင်း၌သာမက ပြည်ထောင်စု လွှတ်တော်တွင်လည်း ဆွေးနွေးနေသည်ဟု ပြည်ထောင် စုဝန်ကြီးကဆိုသည်။


‘‘ဝန်ထုပ်ဝန်ပိုးတွေကို ဘယ် လောက်အထိ လျှော့ချနိုင်မလဲ ဆိုတာကိုလည်း အလေးထား ဆွေးနွေးနေပါတယ်။ ပုဂ္ဂလိကကဏ္ဍလည်း အကြံပေးနိုင်ပါ တယ်’’ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးကျော် ဝင်းက ပြောကြားသည်။

 စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ဘဏ်အတိုးနှုန်း သည် ပြည်သူများက ဘဏ်သို့ အပ်သည့် အပ်ငွေအပေါ် တစ်နှစ် လျှင် အတိုး ၁၂ ရာခိုင်နှုန်း၊ ချေးငွေအပေါ်၌ ၁၇ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် သုံးကြိမ်တိုင် ဘဏ်အတိုးနှုန်း လျှော့ချခဲ့ပြီး အပ်ငွေအပေါ် တစ်နှစ်လျှင်အတိုး ၈ ရာခိုင်နှုန်းကျော်နှင့် ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း ဗဟို ဘဏ်က သတ်မှတ်ခဲ့သည်။

ဘဏ်အတိုးနှုန်း လျှော့ချမှု သည် ချေးငွေသာမက အများ ပြည်သူများ၏ အပ်ငွေအပေး သည် အတိုးနှုန်းကိုလည်း လျှော့ချလေ့ရှိကြောင်း၊ ယခင်အစိုးရလက်ထက် ဘဏ်အတိုးနှုန်း လျှော့ချမှုတွင်လည်း ချေးငွေများသာမက အပ်ငွေအပေါ်တွင် လျှော့ချခဲ့ကြောင်း၊ ချေးငွေနှင့် အပ်ငွေအကြား ကွာဟမှုကို ၅ ရာခိုင်နှုန်းထားပြီး အတိုးနှုန်းလျှော့ချပေးလေ့ရှိကြောင်း ကမ္ဘောဇ ဘဏ် အကြီးတန်းအကြံပေး ဦး သန်းလွင်ကပြောသည်။

လက်ရ စီးပွားရေးအခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပြီး ငွေကြေးဖောင်းပွမှု များနေချိန်တွင် ဘဏ်အတိုးနှုန်း လျှော့ချခြင်းသည် နိုင်ငံခြားငွေကြေးဈေးကွက်၊ အိမ်မြေဈေးကွက်နှင့် ရွှေဈေးကွက်တို့၌ ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုသည်။ မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုသည် ၂၀၁၆ တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံ စာ၌ ဖော်ပြထားသည်။

ပြည်တွင်း ဘဏ်အတိုးနှုန်း သည် ငွေကြေးဖောင်းပွမှုနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။ ပြည်ပ နိုင်ငံများတွင် ဘဏ်အတိုးနှုန်း သည် ငွေကြေးဖောင်းပွမှု၏ အ ထက်၌ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိဘဏ်အတိုးနှုန်းသည် ငွေ ကြေးဖောင်းပွမှုအောက် ရောက်ရှိနေပြီး ထပ်မံလျှော့ချမည်ဆိုပါ က စီးပွားရေးနှင့် သက်ဆိုင်သည့် အကျပ်အတည်းများကို ထိန်း သိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦး သန်းလွင်က အကြံပြုသည်။

 လက်ရှိ ပြည်တွင်းဘဏ် အတိုးနှုန်းသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ကြီးမားသည့် အတားအဆီးဖြစ် ပေါ်နေပြီး အချိန်ကာလကြာမြင့် နေပြီဖြစ်သောကြောင့် ဘဏ်အ တိုးနှုန်းကို သိသာစွာ လျှော့ချရန် လိုအပ်သည်ဟု လှိုင်သာယာစက် မှုဇုန်(၁)မှ ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

အာဆီယံဒေသတွင်း နိုင်ငံ များတွင် မြန်မာနိုင်ငံ၏ ဘဏ် အတိုးနှုန်းသည် အများဆုံးဖြစ်နေ သဖြင့် လျှော့ချပေးရန် အသေး စားနှင့် အလတ်စားလုပ်ငန်းရှင် များက အစိုးရကို မကြာခဏ တောင်းဆိုခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment