Latest News

Friday, February 17, 2017

များများ အိပ် ကြာကြာထိုင်ရင် မြန်မြန်သေဆုံးနိုင်

များများ အိပ် ကြာကြာထိုင်ရင် မြန်မြန်သေဆုံးနိုင်


အိပ် ချိန်များပြီး အထိုင်များခြင်းက အသက်တိုစေနိုင်ကြောင်း လေ့လာဆန်းစစ်မှု အသစ်က ညွန်ပြနေပါတယ်။

အိပ်ရေးဝဝ အိပ်ခြင်းက ကောင်းမွန်တယ် ဆိုပေမဲ့ အိပ်ချိန်များပြီး အထိုင်များခြင်းက အသက်တိုစေနိုင်ကြောင်း လေ့လာဆန်းစစ်မှု အသစ်က ညွန်ပြနေပါတယ်။ လေ့လာဆန်းစစ်မှုကို ဆစ်ဒနီတက္ကသိုလ်က စီစဉ်ပြုလုပ်ခဲ့ပြီး PLOS ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါ တယ်။
တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ လူတစ်ဦးဟာ အချိန်ကြာရှည်စွာ အိပ်လေ့ရှိသလို ထိုင်နေတဲ့ အချိန်လည်း အရမ်းများပြီး လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှား မရှိဘူးဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်လက်လှုပ်ရှား နေထိုင်သူတွေထက် ၄ ဆခန့် အချိန်စောပြီး သေဆုံးနိုင်တယ်လို့ သိရပါတယ်။



လေ့လာဆန်းစစ်မှုအရ တစ်နေ့ကို အိပ်ချိန် ၉ နာရီထက်ပိုသူ၊ ထိုင်နေတဲ့အချိန် ၇ နာရီထက်ပိုသူ၊ တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု မိနစ် ၁၅၀ အောက် လျော့နည်းသူတွေဟာ ပုံမှန်ထက်စောပြီး သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ယခု လေ့လာဆန်းစစ်မှုကို ၂၀၀၆ ခုနှစ်ကတည်း အသက် ၄၅ နှစ်နဲ့အထက် လူပေါင်း ၂၃၀,၀၀၀ ရဲ့ အခြေအနေတွေကို ၆ နှစ်ကြာ စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို စောင့်ကြည့်ခဲ့တဲ့ လူပေါင်း ၂၃၀,၀၀၀ အနက်မှ သေဆုံးခဲ့သူ အားလုံးရဲ့ သုံးပုံတစ်ပုံဟာ လေ့လာဆန်းစစ်မှုက ထောက်ပြခဲ့သလို အိပ်ချိန်နဲ့ ထိုင်ချိန်များပြီး လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့်လို့ ဆိုပါတယ်။

Source: : RT, Wise Geek:Duwun

No comments:

Post a Comment