Latest News

Friday, February 10, 2017

မကွေးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို မလေးရှားဆရာဝန်ကြီးများ အခမဲ့ ခွဲစိတ်ပေးမည်

မကွေးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို မလေးရှားဆရာဝန်ကြီးများ အခမဲ့ ခွဲစိတ်ပေးမည်

မလေးရှားနိုင်ငံမှ ခွဲ စိတ်အထူးကုဆရာဝန်ကြီးပါဝင် သောအဖွဲ့ဖြင့် မကွေးတိုင်းရှိ နှုတ် ခမ်းကွဲ၊အာခေါင်ကွဲလူနာများကို မကွေးမြို့ တိုင်းဆေးရုံကြီးနှင့် သင် ကြားရေးဆေးရုံကြီးတွင် ဖေဖော် ၀ါရီလအတွင်း အခမဲ့ခွဲစိတ်ကုသ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ စီစဉ်မှုဖြင့် ဖေဖော် ၀ါရီ ၂၀ရက်မှ ၂၄ရက်အထိ မ ကွေးမြို့ တိုင်းဆေးရုံကြီးနှင့် မ ကွေးသင်ကြားရေးဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသမည်ဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံ MARCအဖွဲ့ မှ ခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Lew Chee Kongဦးဆောင် သောအဖွဲ့ဝင် ၁၀ဦးပါအဖွဲ့ဖြင့် ကုသမှုမည်ဖြစ်ပြီး ခွဲစိတ်ကုသခံယူမည့်လူနာများသည်သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးများတွင် စာရင်းပေးသွင်းနိုင်သည်ဟု ဆိုသည်။

‘‘ခရိုင်နဲ့မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွေကိုအကြောင်းကြား ထားပြီးပြီ။ သူတို့ဆီ ဆက်သွယ်ပြီး တော့စာရင်းပေးသွင်းလို့ရတယ်။  သူတို့က လူနာတစ်ရာလောက်ခွဲ စိတ်ကုသပေးနိုင်မယ်ပေါ့နော်။ အဲဒီအရေအတွက်ကတော့ ရှိမှာ ပါ။ ခွဲစိတ်တဲ့စရိတ်စကတွေကို မလေးရှားကအဖွဲ့က ကျခံခွဲစိတ် ပေးမှာဖြစ်ပြီးတာ့ လူနာတွေအ တွက် ခရီးစရိတ်၊ နေထိုင်စား သောက်တာကိုတော့ တိုင်းမိခင်နဲ့ ကလေးအဖွဲ့က ကျခံမယ်လို့သိရှိ ရပါတယ်’’ဟု တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။


7Day News Journal

No comments:

Post a Comment