Latest News

Tuesday, February 21, 2017

ပန်ဆန်းညီလာခံ ယနေ့စတင်ကျင်းပမည်

ပန်ဆန်းညီလာခံ ယနေ့စတင်ကျင်းပမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကို “ဝ”ဒေသ ပန်ဆန်း၌ ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

မူလက ညီလာခံကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး တစ်ရက် နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။

ညီလာခံကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့လည်း တက်ရောက်မည်ဖြစ်ကြောင်း တအာင်း(ပလောင်)လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတာဘုန်း ကျော်က ပြောကြားသည်။

အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် အပစ်ရပ်စာချုပ် NCA ၏ အခန်းကဏ္ဍများကို ဆွေးနွေးသွားမည်ဟု ၎င်းကဆိုသည်။

ညီလာခံကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး မိုင်းလား (NDAA) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ တအာင်း(ပလောင်) (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စသည့် လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင် ခုနစ်ဖွဲ့ တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီတို့ကလည်း နိုင်ငံရေး စာတမ်းများ တင်သွင်းသွားမည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။

NCA ကို လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်များကို လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်  တိုက်တွန်းမှုများ ပြုလုပ်နေပြီး လာမည့် မတ်လ ၁ ရက်တွင်လည်း လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်တို့ တွေ့ဆုံရန် စီစဉ်ထားသည်။      

The Voice

No comments:

Post a Comment