Latest News

Wednesday, February 22, 2017

တောင်ကိုရီးယား အမျိုးသမီး ပျှမ်းမျှ သက်တမ်း ၉၀ ကျော်

တောင်ကိုရီးယား အမျိုးသမီး ပျှမ်းမျှ သက်တမ်း ၉၀ ကျော်


နိုင်ငံတကာ လေ့လာမှုတစ်ရပ် အရ တောင်ကိုရီးယား အမျိုးသမီးတွေဟာ ပျမ်းမျှ သက်တမ်း ၉၀ ကျော် အထိ နေနိုင်တဲ့ ကမ္ဘာ့ ပထမ ဆုံး နိုင်ငံ ဖြစ်တယ် လို့ သိရပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ လေ့လာ စစ်တမ်းကောက်ယူမှုတွေ အရ  ၂၀၃၀ ခုနှစ် ဆိုရင် အဲဒီ ပျမ်းမျှ သက်တမ်း ရောက်ပြီလို့ ဖော်ပြနေပါတယ်။

ကလေးဘဝက အစာအာဟာရ ပြည်ဝမှု၊ ဆေးလိပ်သောက်နှုန်း နည်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းတာတို့ ကြောင့် တောင်ကိုရီးယား အမျိုးသမီးတွေ ဒီလို အသက်ရှည်တာလို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နဲ့ Imperial College in London က သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

 BBC

No comments:

Post a Comment