မြန်မာနိုင်ငံတဝန်း လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး ၃၄ ကွင်းသာ အသုံးပြု
မြန်မာနိုင်ငံမှာ လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး အဲ့ဒီထဲ ၃၄ ခုပဲ အသုံးပြုနေတယ်လို့ ဆက်သွယ်ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင်မောင်က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခု အပါအဝင် လေဆိပ် ၃၄ ခုပဲ အသုံးပြုနေတာလို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လုပ်ခဲ့တဲ့ အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေးကော်မတီစည်းဝေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးပွဲမှာ ဝန်ကြီးက လက်ရှိဖြစ်ပွားနေတဲ့ လေကြောင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ စပ်လျဉ်းပြီး သင်ခန်းစာယူ ပြင်ဆင်ထားကြဖို့ ပြောပါတယ်။
ဒါ့အပြင် လေဆိပ်လုံခြုံရေးနဲ့ လေယာဉ်စီးခရီးသည်များ လုံခြုံဘေးကင်းရေးအတွက် သက်ဆိုင်ရာဌာနများနဲ့ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့များက အကြံပြုဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့ချုပ်ဝင်နိုင်ငံတခု ဖြစ်ပါတယ်။
DVB
Monday, February 27, 2017
မြန်မာနိုင်ငံတဝန်း လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး ၃၄ ကွင်းသာ အသုံးပြု
မြန်မာနိုင်ငံတဝန်း လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး ၃၄ ကွင်းသာ အသုံးပြု
Reviewed by Ar Ti
on
10:24 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment