Latest News

Saturday, February 11, 2017

ဘင်္ဂလားဒေ့ရှ်သစ်ပင်လူသား ခွဲစိတ်ကုသမှုအောင်မြင်

ဘင်္ဂလားဒေ့ရှ်သစ်ပင်လူသား ခွဲစိတ်ကုသမှုအောင်မြင်

ခါတွန်ဟာ ရောဂါအစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး ထပ်မံခွဲစိတ်ဖို့ လိုအပ်မှာ မဟုတ်ဘူး။

ဖေဖော်ဝါရီ ၇ - သစ်ပင်လူသားရောဂါ (tree man syndrome) ခံစားနေ ရတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ အရေပြားပေါ်သစ်ခေါက်တွေလို ဖြစ်ပေါ်လာမှုတွေကို ဖယ်ရှားဖို့ ဘင်္ဂလားဒေ့ရှ်ဆရာဝန်တွေက အင်္ဂါ နေ့မှာ ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၀ နှစ်အရွယ် ဆာဟနာခါတွန်ရဲ့ မေးစေ့၊ နားရွက်နဲ့ နှာခေါင်းတို့ကနေ သစ်ခေါက်ပုံစံ ထွက်ရှိမှုတွေကို အောင်မြင်စွာ ခွဲစိတ်ဖယ်ထုတ်နိုင်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အတွင်း သူ့ကို ဆေးရုံဆင်းခွင့်ပြုနိုင်မယ်လို့ ဆရာဝန်တွေက မှန်းထားပါတယ်။

ဒါကာဆေးတက္ကသိုလ်ဆေးရုံ ကြီးက ခွဲစိတ်ဆရာဝန်တွေက ခါတွန်ကို အခမဲ့ကုသပေးထားတာ ဖြစ်ပြီး သူဟာ သစ်ပင်လူသား ရောဂါလို့သိကြတဲ့ေepidermody-splasia verruciformis ရောဂါခံ စားနေရတဲ့ ပထမ ဆုံးမိန်းကလေး တစ်ဦးဖြစ်လိမ့် မယ်လို့ ယူဆကြ ပါတယ်။

ကမ္ဘာပေါ်မှာ သည်ရောဂါခံစားရတဲ့သူဟာ ၁၀ ဦးမကျော်သလို အဲသည်ထဲမှာ ပထမဆုံးဘင်္ဂလားဒေ့ရှ်သစ် ပင်လူသားဖြစ်တဲ့ ၂၇  နှစ် အရွယ် လန်ချားသမား အဘူဘာ ဂျန်ဒါ လည်း ပါဝင်ပါတယ်။

ခါတွန်ဟာ ရောဂါအစောပိုင်းအဆင့်မှာပဲ ရှိသေးပြီး ထပ်မံခွဲစိတ် ဖို့ လိုအပ်မှာမဟုတ်ဘူးလို့ ဆန်းက ပြောပါတယ်။

သည်ဆေးရုံကပဲ ပြီးခဲ့တဲ့နှစ် အတွင်းမှာ ဘာဂျန်ဒါအတွက် ခွဲစိတ်မှု ၁၆ ကြိမ်ထက်မနည်း လုပ်ဆောင်ပေးခဲ့ပြီး တစ်ကြိမ်စီမှာ သစ်ခေါက်ပုံစံထွက်ရှိမှု အလေးချိန် ငါးကီလို (၁၁ ပေါင်) ဖယ်ထုတ် ခဲ့ရပါတယ်။ ဘာဂျန်ဒါဟာ ဇနီးနဲ့ သမီးဖြစ် သူတို့ကို ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် ထိတွေ့နိုင် ပြီဖြစ်ပြီး ဆေးရုံဆင်းဖို့ အသင့်ဖြစ်နေပြီလို့ ဆရာဝန်တွေက ပြီးခဲ့တဲ့လမှာ ပြောပါတယ်။

YSD [ref:AFP , Feb 7, 2016.]

Sources : Kumudra

No comments:

Post a Comment