Latest News

Wednesday, February 1, 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်ပွားခဲ့သည့် လုပ်ကြံသတ် ဖြတ်မှုနှင့်ပတ်သက်၍ ကိုဖီအာနန်၏ ထုတ်ပြန်ချက်



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်ပွားခဲ့သည့် လုပ်ကြံသတ်

ဖြတ်မှုနှင့်ပတ်သက်၍ ကိုဖီအာနန်၏ ထုတ်ပြန်ချက်


တရားလွှတ်တော် ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင် ဦးနေ၀င်းတို့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ အကြမ်းဖက်မှုဟာ စက်ဆုပ်ဖွယ်ရာ ကောင်းတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ ရက်စွဲနဲ့ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားတဲ့နေရာမှာတော့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေအပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် မစ္စတာကိုဖီအာနန်က မတူကွဲပြားမှုတွေကို အပြန်အလှန် ပြောဆိုဆွေးနွေးမှုနဲ့ သည်းခံမှုတွေက ရှေ့ဆက်နိုင်မှာ ဖြစ်တယ်ပြီး အကြမ်းဖက်မှုက အဖြေမဟုတ်ဘူးလို့လည်း ထောက်ပြထားတာပါ။

ဒီလို ဆိုးဝါးလှတဲ့ ရာဇ၀တ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ကြဖို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မစ္စတာကိုဖီအာနန်က တောင်းဆိုထားပါတယ်။

MCN TV News

https://m.facebook.com/mcntv/posts/1078150755644800

No comments:

Post a Comment