Latest News

Thursday, February 9, 2017

ပဲခူးတွင် တတိယတန်းကျောင်းသူကို (၁၇)နှစ်အရွယ် လူငယ်က အဓမ္မပြုကျင့်ရန် ကြံစည်

ပဲခူးတွင် တတိယတန်းကျောင်းသူကို (၁၇)နှစ်အရွယ် လူငယ်က

အဓမ္မပြုကျင့်ရန် ကြံစည်

ပဲခူးမြို့ မဇင် (က) အလက(ခ)ကျောင်းတွင် ပညာ သင်ကြားနေသည့် အသက် (၉) နှစ်အရွယ် တတိယတန်းကျောင်း သူကို အသက်(၁၇)နှစ်အရွယ်လူငယ်က ၁,၀၀၀ ကျပ် ပေးကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။


တတိယတန်း ကျောင်းသူ သည် ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီခွဲတွင် ကျောင်းဆင်းလာခဲ့ ပြီး သူငယ်ချင်းများက နေအိမ်သို့ လိုက်ပို့ရန် ထွက်လာရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ပဲခူးအမှတ် (၂)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

 တတိယတန်းကျောင်းသူ ကို ဆွဲခေါ်သွားပြီး ချုံပုတ်တစ်ခု အတွင်း အရောက်တွင် လူငယ်က ကျပ် ၁,၀၀၀ ပေးကာ လည်ပင်းကိုညှစ်၍ သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သဖြင့် ကျောင်းသူက ရုန်းကန်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

‘‘ကျောင်းဆင်းချိန် သူငယ် ချင်းတွေနဲ့အတူ ပြန်လာတဲ့အချိန် မှာဖြစ်တာ။ ကောင်မလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတဲ့အ ချိန်မှာ ပတ်ဝန်းကျင်ကလူတွေက တွေ့ပြီးတော့ ၀ိုင်းဖမ်းလိုက်တာ’’ ဟု အထက်ပါရဲတပ်ဖွဲ့ဝင်က ဆို သည်။

 ထိုသို့ဖြစ်ပွားပြီးနောက် ကျောင်းသူ၏အဒေါ်က ရပ်ကွက်အတွင်း လိုက်လံစုံစမ်းရာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူသည် ရပ်ကွက်ကြီး(၁)၊ ဘုရင့်နောင်လမ်းအတွင်း နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် ကျော်ဝေဇင်ဆိုသူဖြစ်၍ ပဲခူးအမှတ်(၂) နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
7Day News

No comments:

Post a Comment