Latest News

Thursday, February 16, 2017

စိတ်ဖိစီးမှုပျောက်ချင်သလား ဒါတွေကိုစား

စိတ်ဖိစီးမှုပျောက်ချင်သလား ဒါတွေကိုစား



စိတ်ဖိစီးမှုဆိုတာဟာ ခန္ဓာ ကိုယ်ရဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကြောင့် ဒါမှ မဟုတ် ရုပ်ပိုင်းဆိုင်ရာလုပ်ငန်း ဆောင်တာတစ်ခုခုကြောင့် ဖြစ် လေ့ရှိပါတယ်။ စိတ်ဖိစီးမှုကို အစားနဲ့ ပျောက်ချင်တယ်ဆိုရင် စားသင့်တာတွေကတော့ ဒေါက် ခွရွက်၊ ပစ်စတာချီယိုသစ်စေ့၊ သစ်ကြားသီးနဲ့ အစိမ်းရောင်ဟင်း သီးဟင်းရွက်တွေဟာ စိတ်ဖိစီးမှု တွေကို သက်သာစေပြီး စိတ်ဖိစီးမှု နဲ့ ဆက်စပ်တဲ့ ပင်ပန်းနွမ်းနယ်မှု တွေ၊ ခေါင်းကိုက်တာတွေကိုပါ ပျောက်ကင်းစေပါတယ်။

ထောပတ်သီး၊ ဘယ်ရီသီး အမျိုးမျိုးနဲ့ သီဟိုဠ်စေ့ဟာလည်း စိတ်ကျမှု၊ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေသလို ကစီ ဓာတ်ပါတဲ့ အစာတွေဖြစ်တဲ့ လုံး တီးဂျုံပါစတာတို့၊ ကန်စွန်းဥတို့ စားတာမျိုးလည်း လုပ်နိုင်ပါတယ်။ နောက်ပြီး ဆန်လုံးညိုတို့၊ အုတ်ဂျုံတို့ ငှက်ပျောသီးတို့၊ လိမ္မော်သီးတို့    စားပေးတာက လည်း စိတ်ဖိစီးမှုတွေကို သက် သာစေတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုကို အစားအစာ ဘက်ကသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုမျိုးနဲ့ ပါ လုပ်ဆောင်ပေးဖို့လည်း လို အပ်ပါတယ်။

Ref: healthdigezt



7Day News Journal

No comments:

Post a Comment