Latest News

Saturday, February 4, 2017

အသက် ၁၀၀ကျော်အရွယ်မှာ တောင် စေ့စပ်လိုက်တဲ့ အဘွားအို


ဘရာဇီးနိုင်ငံအဘွားအိုတစ်ဦး ဟာအသက် ၁၀၀ ကျော်အရွယ်ရှိနေပေမယ့်လည်း ချစ်သူနဲ့ စေ့စပ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
 အသက် ၁၀၆ နှစ်အရွယ်ရှိ ဗယ်ဒီမီရာ ရိုဒရီဂွေးစ် ဒီအိုလီဗီရာ ဟာ သူမထက် အသက် ငယ်တဲ့ ၆၆ နှစ်အရွယ်ရှိ ဒိုင်အက်စ် ဂျက်ကော့နဲ့စေ့စပ်ခဲ့တာဖြစ်ပြီး သူတို့ စေ့စပ်ပွဲမှာ အထူး စီစဉ်ခဲ့ရတယ်လို့ သိရပါတယ်။
အဘွားအို ဟာသူကိုလက်ထပ်ဖို့ ကမ်းလှမ်းတာကိုလက်ခံခဲ့တာဖြစ်ပြီးအဘွားအို ဟာလမ်းတောင်ကောင်းစွာမလျှောက်နိုင်တဲ့အခြေနေမျိုးဖြစ်ပြီး ကြံခိုင်မှု ပိုင်းအရ လက်ထပ်မှု မလုပ်ဆောင်ဖို့ ဆရာဝန်တွေက တောင်းဆိုခဲ့ပါတယ်။
 အဘွားအို ဟာ လက်ရှိစေ့စပ်သူနဲ့ အိမ်ထဲမှာ ၃ နှစ်ကြာအတူတကွနေထိုင်တာတွေရှိခဲ့ပြီး သူမ တို့တွေဆုံမှု ဟာနောက်မကျသေးဘူးဆိုတာ ပြသတဲ့အနေနဲ့ စေ့စပ်လိုက်တာဖြစ်တယ်လို့ အဘွားအိုက ပြောပါတယ်။
အသက် ၁၀၀ကျော်ရှိအဘွားအိုက “ ကျွန်မ ဟာ သူကို နှစ်သက်တယ် ။ သူသေမယ်ဆိုရင် ကျွန်မ ပါလိုက်သေမယ်။ “လို့ပြောပါတယ်။အဘွားအိုဟာ လမ်းကောင်းစွာမလျှောက်နိုင်လို့ စေ့စပ်ပွဲလုပ်တဲ့ နေရာကို အခြားအကူညီနဲ့လာခဲ့ရတယ်လို့သိရပါတယ်။
ref dm
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment