Latest News

Monday, February 13, 2017

ကန့်ကွက်မှုများရှိသော်လည်း ကချင်နှင့် မွန်တွင် ဗိုလ်ချုပ်ကြေးရုပ်တုများ ဖွင့်လှစ်

ကန့်ကွက်မှုများရှိသော်လည်း ကချင်နှင့် မွန်တွင် ဗိုလ်ချုပ်ကြေးရုပ်တုများ ဖွင့်လှစ်


မွန်နှင့် ကချင်ပြည်နယ် တို့တွင် ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲများ မပြုလုပ်သေးရန် ဒေသခံအချို့က ကန့်ကွက်ထားသော်လည်း မုဒုံ နှင့် မြစ်ကြီးနားမြို့တို့၌ ဖေဖော်ဝါရီ ၁၃ ရက်က ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲများ ပြုလုပ်ခဲ့သည်။

မုဒုံမြို့ ကန်သာယာပန်းခြံ တွင် ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုထားရှိရေးနှင့် ပတ်သက်၍ မွန်လူထုအခြေပြု လူ့အဖွဲ့အစည်းများ၊ မွန်ရဟန်းအဖွဲ့အစည်းများက ကန့်ကွက်ထားသော်လည်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့သည်။

‘‘ဗိုလ်ချုပ်ကြေးရုပ်ကို အခု လို ထားရှိခြင်းအားဖြင့် ဗိုလ်ချုပ် ကို အမြဲအမှတ်တရရှိနေမှာဖြစ် တယ်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် များလည်း ပိုမိုထွန်းကားလာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ အောင်မြင်စွာဖော်ဆောင်ဖို့ စု ပေါင်းလုပ်ကြမှ အကျိုးရှိမှာဖြစ် တယ်။ ဗိုလ်ချုပ်စိတ်ဓာတ်နဲ့အညီ ၀ိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်’’ဟု မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဖွင့်ပွဲအခမ်းအနား၌ အမှာ စကားပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ရန်ကုန် မြို့မှ မှာယူထားပြီး အမြင့် ၉ပေ၊ ကြေးအလေးချိန် ၃၃၀ ပိဿာရှိ ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၁၅၀ ရှိသည်ဟု ကြေးရုပ် ဖြစ်မြောက် ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေး ရုပ်ထားရှိရန် စီစဉ်မှုကြောင့် ညီ ညွတ်သော မွန်ရဟန်းပျိုများအဖွဲ့ က ၂၀၁၆ အောက်တိုဘာ ၄ ရက် တွင် ကန့်ကွက်ခဲ့ပြီး ကန့်ကွက် ကြောင်း သဘောထားထုတ်ပြန် ချက်ကို ပြည်နယ်အစိုးရရုံး ၀န် ကြီးချုပ်ထံသို့ ပေးပို့ခဲ့သည်။ ၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်က လည်း မွန်လူငယ်အသင်း (မုဒုံမြို့ နယ်)က ထိုကြေးရုပ်ထားရှိမှုကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်း တည်ဆောက် နိုင်ရန် ကြိုးပမ်းနေချိန်တွင် လွန် စွာအရေးကြီးသော ဌာနေတိုင်း ရင်းသားတို့၏ အခန်းကဏ္ဍကို လျစ်လျူရှုထားခြင်းမသင့်ဘဲ မွန် လူမျိုးတို့၏ ခေါင်းဆောင်မဟုတ် သော ဗိုလ်ချုပ်အောင်ဆန်း ကြေး ရုပ်တုကို ကန်သာယာပန်းခြံတွင် စိုက်ထူထားခြင်းကို မွန်လူမျိုးအား လုံးတို့၏ သဘောဆန္ဒနှင့် လုံးဝ ဆန့်ကျင်နေပါသည်ဟု မွန်လူ ငယ်အသင်း (မုဒုံမြို့နယ်) သ ဘောထားထုတ်ပြန်ချက်၌ ရေး သားထားသည်။

ထို့ပြင် ကချင်ပါတီများက ရွှေ့ဆိုင်းပေးရန် တောင်းဆိုထား သည့် ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲ ကို ဖေဖော်ဝါရီ ၁၃ ရက်က မြစ် ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။

တိုက်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည်များရှိနေပြီး ငြိမ်းချမ်း ရေးမရသေးချိန်တွင် ဗိုလ်ချုပ် ကြေးရုပ်တုစိုက်ထူခြင်းကို ရွှေ့ ဆိုင်းပေးရန်နှင့် ပင်လုံကတိက ၀တ်များ ပြီးပြည့်စုံသည့်အချိန်မှ သာ စိုက်ထူသင့်ကြောင်း ကချင် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင် ရွက်ရေးကော်မတီက တောင်းဆို ထားသည်။

 ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲ အခမ်း အနားကို မြစ်ကြီးနားမြို့ စိမ်းမြ သာယာပန်းခြံဘေးတွင် ပြုလုပ်ခဲ့ ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၀င် ၀န်ကြီးများ၊ ဗိုလ်ချုပ်ကြေးရုပ် တုဖြစ်မြောက်ရေးကော်မတီနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်ကြေးရုပ်တုထားရှိ ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက် ၍ ဗိုလ်ချုပ်၏ လွတ်လပ်ရေးအ တွက် ကြိုးပမ်းမှုနှင့်စိတ်ဓာတ်ကို အမှတ်ရစေရန်ဖြစ်ကြောင်း ရုပ်တု ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ က ပြောသည်။

မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ် ကြေးရုပ်တုကို ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကြေးရုပ်တုဖြစ် မြောက်ရေး ကော်မတီတို့က ပူး ပေါင်းပြုလုပ်ခဲ့ကြောင်း သ တင်းရရှိသည်။


Sources : 7Day News Journal

No comments:

Post a Comment