Latest News

Thursday, February 16, 2017

ဘီးလင်းတံတားပေါ်တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် (၃)ဦးသေဆုံး

ဘီးလင်းတံတားပေါ်တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် (၃)ဦးသေဆုံး


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်ရှိ ဘီးလင်းတံတားပေါ်တွင် ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၁၁ နာရီဝန်းကျင်က ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် လူ(၃)ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း  သိရှိရသည်။

“ဆိုင်ကယ်သမားရော ကားသမားရော နှစ်ဖက်လုံးမှားတာပါ။ ညကမှောင်နေတဲ့အပြင် အရှိန်မထိန်းနိုင်တော့ မဖြစ်သင့်ဘဲဖြစ်ရတာတွေပါ။ ဆိုင်ကယ်မောင်းသမားက ဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ဆိုင်ကယ်နောက်က လိုက်စီးတဲ့သူနဲ့ ကားသမားကတော့ ဆေးရုံပို့တဲ့ အချိန်ဆုံးသွားပါတယ်။”ဟု ဘီးလင်းမြို့မ ရဲစခန်းမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘီးလင်းဘက်မှ သထုံဘက်သို့ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ယာဉ်မောင်း အောင်သူ (၄၄)နှစ် မောင်းနှင်လာ သော Suzuki Pickup အဖြူရောင်ယာဉ်နှင့် သထုံဘက်မှ ဘီးလင်းဘက်သို့ ဘီးလင်းမြို့၊ ကျုံကမိစုကျေးရွာနေ နိုင်ထူး (၄၄)နှစ်မောင်းနှင်ပြီး နောက်မှ နေရပ်တူ မင်းမင်း(၃၈)နှစ်လိုက်ပါလာသော ဆိုင်ကယ်နှင့် တံတားအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ နိုင်ထူးမှာ အခင်းဖြစ်ပွားရာနေရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မင်းမင်းနှင့် အောင်သူတို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ဘီးလင်းဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကားမောင်းသူ အောင်သူနှင့် ဆိုင်ကယ်မောင်းသူ နိုင်ထူးတို့အား ဘီးလင်းမြို့မရဲစခန်းမှ ယာဉ် (ပ) ၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံသတင်းစာ

No comments:

Post a Comment