Latest News

Wednesday, February 1, 2017

နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်၏လုံခြုံရေး အထူးတိုးမြှင့်လုပ်ဆောင်မည်ဟု ဦးဇော်ဌေး ပြောဆို

နိုင်ငံတော်သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်၏လုံခြုံရေး အထူးတိုးမြှင့်လုပ်ဆောင်မည်ဟု ဦးဇော်ဌေး ပြောဆို

Photo - U Zaw Htay FB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးတိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။ ''အခုဖမ်းမိထားတဲ့သူကို စိစစ်နေပါတယ်။ လုပ် စရာရှိတာတွေလည်း ဆက်လက်လုပ်ဆောင်နေပါ တယ်။ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကိုလည်း အထူးတိုးမြှင့်ဂရုစိုက်ပြီး လုပ်သွားမှာဖြစ်ပါတယ်'' ဟု ၄င်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီသည် ပြန်ကြား ရေးဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့ှ်Leadership Program လေ့လာရေးခရီးစဉ်မှ အပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အထွက် ၌ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရပြီးနောက် နိုင်ငံ့ ခေါင်းဆောင်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းရာ၌ ၄င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ ခရီးစဉ်များ ပြည်သူများနှင့် အဖွင့်တွေ့ဆုံ မိန့်ခွန်းပြောခြင်းများတွင် စိစစ်ရန်လိုအပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပြု ပြောဆိုသည်။

''ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ပိုပြီးအလုပ်
လုပ်ဖို့ လိုအပ်တယ်။ နောက်ပြီး တရားဥပဒေစိုးမိုးရေး
ကလည်း အရေးကြီးတယ်။ ဖြစ်သွားတဲ့အမှုတွေမှာ လက်သည် မပေါ်ဘဲ ပျောက်နေတာတွေက နောက်ထပ်ကျူးလွန်မယ့် သူတွေကို ထပ်ပြီးကျူးလွန်အောင်လုပ်သလိုဖြစ်နေတယ်''ဟု ၄င်းက မှတ်ချက်ပြုပြောဆိုသည်။

အစိုးရသစ်လက်ထက်တွင် ဦးကိုနီ သေနတ်ဖြင့်
လုပ်ကြံခံရခြင်းနှင့်ပတ်သက်ပြီး လက်ရှိ နိုင်ငံထိပ်ပိုင်း
ခေါင်းဆောင်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ နိုင်ငံရေး
သုတေသီ ဦးဝင်းမြင့်က အောက်ပါအတိုင်း မှတ်ချက်ပြု
ပြောဆိုသည်။ ''လေဆိပ်လိုနေရာမျိုးမှာ လွယ်လွယ်ကူကူ သတ်ဖြတ်လို့ရတယ်ဆိုတာမျိုးကလည်း ကျွန်တော်တို့ နိုင်ငံအတွက် လုံခြုံရေးဟာ တကယ်ပဲလုံခြုံမှုမရှိဘူးဆိုတာ ပြောလို့ရနေပါပြီ။ အထူးသဖြင့်ပေါ့နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးမယ်ဆိုတာက အခုမှပြောတာမဟုတ်ပါဘူး။ တကယ်တော့ ဒီမတိုင်မီကတည်းက တိုးမြှင့်ဖို့အခြေအနေက ရှိနေပြီပဲ။ ထပ်ပြီးတော့တိုးမြှင့်တယ်ဆိုတဲ့ အခြေအနေမျိုးပဲဖြစ်သင့်ပါတယ်။ တခြားပုဂ္ဂိုလ်တွေထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့လုံခြုံရေးဟာ ပိုပြီးတော့အရေး
ကြီးတာပေါ့။ အစိုးရအဖွဲ့အစည်းနဲ့ အင်န်အယ်လ်ဒီပါတီ
တစ်ခုလုံးဟာ ဒီတစ်ယောက်တည်းအပေါ်မှာပဲ အခြေပြုထားတယ်။ သူတစ်ယောက်တိမ်းပါးသွားတယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ ဖွဲ့စည်းထားတဲ့အခြေအနေဟာ တော်တော့်ကို စိုးရိမ်ရမယ်။ သူ့ရဲ့လုံခြုံမှုက ပိုပြီးအရေးကြီးလာပြီ။ သူ့အထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလို လွယ်လွယ်လုပ်ကြံသတ်ဖြတ်လို့ရတယ်ဆိုတဲ့ သာဓကလည်းပေါ်လာပြီ'' ဟုပြောဆိုခဲ့သည်။

ဇန်န၀ါရီ ၃၁ ရန်ကုန်
The Myanmar Times Daily Newspaper - Myanmar Version

https://m.facebook.com/story.php?story_fbid=10154211833660976&substory_index=0&id=269917285975

No comments:

Post a Comment