Latest News

Friday, February 17, 2017

ဆေးလိပ် ကိုတစ်ရက်တစ်လိပ်နှုန်းသောက်လျင်ပင် အသက်တိုနိုင်ခြေ မြင့်မား

ဆေးလိပ် ကိုတစ်ရက်တစ်လိပ်နှုန်းသောက်လျင်ပင် အသက်တိုနိုင်ခြေ မြင့်မာ



ဆေးလိပ် ကိုတစ်ရက်လျင်တစ်ဗူးသောက်သူများသည် ကင်ဆာရောဂါမျိုးစုံ ရနိုင်ခြေမြင့်မားပြီး ပုံမှန်နေထိုင်နိုင်မည့် အသက်ထက် များစွာတိုတောင်းသွားနိုင်ရာဝယ် တစ်ရက်လျက်ဆေးလိပ် တစ်လိပ်သာသောက်သုံးသူများသည်လည်း အသက်တိုနိုင်သည်ပင်ဖြစ်ကြောင်း အမေရိကန် သုတေသီများ ကပြောသည် ။ ဆေးလိပ်ကို ဘယ်လောက်ထိလျှော့သောက်ရင် ကျန်းမာရေး နဲ့  ညီညွှတ်သွားတယ် ဆိုတာမျိုးမရှိပါဘူး ။ တစ်ရက်ကို တစ်လိပ်သောက်ရင်ကို အသက်တိုနိုင်ခြေက မြင့်မားနေပါပြီ ။ တစ်ရက်ကို တစ်လိပ်မပြောနဲ့  ၊ နှစ်ရက်ကိုတစ်လိပ် သောက်ရင်တောင် အသက်တို နိုင်ခြေ မြင့်မားပါတယ် ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သောက်သုံးသူ ကိုမျှမကဘဲ သူ့ ပတ်ဝန်းကျင်က လူတွေအားလုံးကို ထိခိုက်စေတဲ့အတွက် ပြည်သူ့ ကျန်းမာရေးရဲ့ နံပါတ်တစ်ရန်သူကြီးဖြစ်ပါ တယ်။

ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးသူဦးရေဟာ တစ်နှစ်ကို ၅သန်းထက် မနည်းရှိပါတယ်ဟု သုတေသီတစ်ဦးကရှင်းပြသည် ။ ဆေးလိပ်သောက်သူ အများစုကိုယ်၌ ကလည်းဆေးလိပ်၏ အပြစ်ကိုသိကြောင်း ၊ ထို့ ကြောင့် နောက်ပိုင်းတွင် ၄င်းတို့  ကလည်း ဆေးလိပ် ကိုလျှော့သောက်ရန် ကြိုးပမ်းလာ ခဲ့ကြခြင်းဖြစ်ကြောင်း ၊ ဆေးလိပ်သောက်ခြင်းကိုလျှော့ချခြင်းကြောင့် အကျိုးထူးသည်မှာ မှန်သော်လည်း အသက်တိုတောင်းနိုင်ခြေမှာ ကျန်ရှိနေဦးမည်ပင်ဖြစ်ကြောင်း ၊ ဖော်ပြခဲ့ သည့်အတိုင်းဆေးလိပ်ကိုနှစ်ရက်တစ်လိပ်နှုန်းသောက်လျင်ပင် အသက်တိုနိုင်သေး သည်ဖြစ်သည့် အတွက် ဆေးလိပ်သောက်ခြင်းကို အပြီးအပိုင်ဖြတ်နိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်

။ ဆေးလိပ်သောက်ခြင်း၏ အပြစ်ကိုပို၍ တိကျစွာသိရှိနိုင်ရန် သုတေသီများကအသက် ၅၉ နှစ်မှ ၈၂ အရွယ် လူ ၂၉၀၀၀၀ ထက်မနည်းကိုလေ့လာဆန်းစစ်ခဲ့ကြောင်း ၊ ၄င်းတို့ အနက် ၂၂၀၀၀ ဦးမှာ လက်ရှိဆေးလိပ်သောက်သူများဖြစ်ပြီး ၁၅၆၀၀၀ ဦးမှာယခင်ကဆေးလိပ်သောက်ခဲ့ သူများဖြစ်ကြောင်း ၊ ၄င်းတို့ ကို ၂၀၀၄ နှင့် ၂၀၀၅ တွင် အပြီးလေ့လာဆန်းစစ်ပြီး ၂၀၁၁ ခုနှစ်အထိ ဆက်လက်စောင့်ကြည့် ကာဆေးလိပ်မသောက်သူများ နှင့် နှိုင်းယှဉ် သုံးသပ်ခဲ့ကြောင်း ၊ ထိုအခါ ဆေးလိပ်ကို တစ်ရက် လျင်တစ်လိပ် သာသောက်သူများသည်ပင် အသက်တိုနိုင်ခြေ ၆၄ ရာခိုင်နှုန်းပို၍မြင့်မားခဲ့သည် ကိုတွေ့ ရှိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။ တစ်ရက်လျင်ဆေးလိပ် (၁၀)လိပ်သောက်သူများစောစီးစွာ သေဆုံးနိုင်ခြေ ၈၇ ရာခိုင်နှုန်းရှိကြောင်း ၊ သေဆုံးနိုင်ခြေဟူသည် မှာဆေးလိပ်သောက်ခြင်းကြောင့်ဖြစ် ပွားသော ရောဂါမျိုးစုံကိုဆိုလိုကြောင်း ၊ အထူးသဖြင့် အဆုပ်ကင်ဆာဖြစ်ပွားကာသေဆုံးနိုင်ခြေ မှာဆေးလိပ်ကို တစ်ရက်လျင်တစ်လိပ်သောက် သူထက် (၉)ဆပို၍ များကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ

No comments:

Post a Comment