Latest News

Wednesday, February 22, 2017

ရန်ကုန်တိုင်းတွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ လေးထောင်ကျော်ရှိ

ရန်ကုန်တိုင်းတွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ လေးထောင်ကျော်ရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန် တိုင်းဒေသကြီးအတွင်း စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် စာမေးပွဲ မြန်မာစာ ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ လေးထောင်ကျော်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

စတုတ္ထတန်း ခရိုင်စစ် စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခုနစ်ထောင်ကျော် ရှိသည့်အနက် တစ်သိန်းငါးထောင်ကျော်သာ စာမေးပွဲ လာဖြေကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

အဋ္ဌမတန်း တိုင်းစစ် စာမေးပွဲဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ကိုးသောင်းတစ်ထာင်ကျော် ရှိသည့်အနက် ရှစ်သောင်းကိုးထောင်ကျော်သာ စာမေးပွဲ လာဖြေကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်း စတုတ္ထတန်းအတွက် စာမေးပွဲ စင်တာပေါင်း ၄၈၀ရှိပြီး အဋ္ဌမတန်းအတွက် စာမေးပွဲ စင်တာပေါင်း ၃၃၀ ကျော် ထားရှိကြောင်း အဆိုပါ ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် စာမေးပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၂၂ရက်) နံနက် ၉ နာရီမှစ၍ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း မြန်မာစာကို စစ်ဆေးခဲ့သည်။

စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၇ ရက်အထိ (၂၆ ရက် တနင်္ဂနွေနေ့ စာမေးပွဲနား) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ၊ လူမှုရေး ဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၁နာရီခွဲအထိ ဖြေဆိုရမည်ဖြစ်သည်။

အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်အထိ( ၂၆ ရက် တနင်္ဂနွေနေ့ စာမေးပွဲနား) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်သည်။

The Voice

No comments:

Post a Comment