Latest News

Saturday, February 11, 2017

တောင်ကြီးတွင် ဗိုလ်ချုပ်မွေးနေ့ဒါနအဖြစ် ပဲပြုတ်နှင့် နံပြား လူနှစ်ထောင်စာ ကျွေးမည်

တောင်ကြီးတွင် ဗိုလ်ချုပ်မွေးနေ့ဒါနအဖြစ် ပဲပြုတ်နှင့် နံပြား

လူနှစ်ထောင်စာ ကျွေးမည်


ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့၌ တောင်ကြီးမြို့တွင် ပဲပြုတ်နှင့် နံပြားကို လူနှစ်ထောင်စာ ကျွေးမွေးလှူဒါန်း မည်ဟု သတင်းရရှိသည်။

တောင်ကြီးမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတွင် ပဲပြုတ်နှင့် နံပြားလှူဒါန်း ကျွေးမွေးရန် စီစဉ်ထားပြီးယခုနှစ်သည် ဒုတိယအကြိမ် လှူဒါန်းရန် စီစဉ်ခြင်းဖြစ်သည်ဟုတရားဥပဒေစိုးမိုးရေး ကွန်ရက်အဖွဲ့ဝင် ဦးဝင်းနိုင်စိုးက ပြောသည်။

‘‘ဗိုလ်ချုပ်ကို မမေ့ပျောက် စေချင်ဘူး။ သူ့ရဲ့ တိုင်းပြည်အ ပေါ်ထားခဲ့တဲ့ စေတနာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုလှူဒါန်း ပေးရခြင်းဖြစ်တယ်’’ဟု ဦးဝင်းနိုင် စိုးက ပြောသည်။

ပဲပြုတ်နှင့် နံပြားကျွေးမွေး မည့် အစီအစဉ်ကို တရားဥပဒေ စိုးမိုးရေးကွန်ရက်အဖွဲ့က စီစဉ် ခြင်းဖြစ်ပြီး အခြားပူးပေါင်းပါဝင် လှူဒါန်းလိုသူများလည်း ဖေဖော်ဝါရီ ၁၃ ရက်တွင် လာရောက်ပူး ပေါင်းလှူဒါန်းနိုင်သည်ဟု ဦးဝင်းနိုင်စိုးက ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း၏ ဘ၀ဖြစ်စဉ်သမိုင်း ကြောင်းတို့ကိုလည်း အများပြည် သူသိရှိလေ့လာနိုင်စေရန် ဗီနိုင်း၊ ပိုစတာများဖြင့် အဆိုပါနေ့၌ ပြသနိုင်ရန် စီစဉ်ထားသည်ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်အဖွဲ့မှ သိရသည်။

Sources : 7Day News Journal

No comments:

Post a Comment