ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့ပုဂံမြို့သို့ရောက်ရှိ
ပုဂံ ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Dr. Somkid Jatusripitak နှင့်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီခန့်တွင် ပုဂံမြို့သို့ ရောက်ရှိသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦး လေ ဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ
အေဝမ်းစိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment