Latest News

Wednesday, February 15, 2017

ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ လက်မှတ်၊ တံဆိပ်တုံးနှင့် ရုံးစာအတု ပြုလုပ်လိမ်လည်သူများကို ရုံးထုတ်စစ်ဆေး

ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ လက်မှတ်၊ တံဆိပ်တုံးနှင့် ရုံးစာအတု ပြုလုပ်လိမ်လည်သူများကို ရုံးထုတ်စစ်ဆေး


တရားစွဲခံရသူ ဦးဟန်လင်းက ၎င်းတစ်ဦးတည်း ပြစ်မှုကျူးလွန်ပြီး ကျန်သုံးဦးမပါဟုထွက်ဆို

ဧရာဝတီတိုင်းဝန်ကြီး ချုပ် မန်းဂျော်နီ၏ လက်မှတ်၊ တံ ဆိပ်တုံး၊ ရုံးစာအတုပြုလုပ်၍ လိမ်လည်ရန်ကြိုးစားသူလေးဦး၊ တံ ဆိပ်တုံးအတုနှင့် ရုံးစာအတုပြု လုပ်ပေးသူနှစ်ဦးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ငပုတောမြို့နယ် တ ရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ရုံးထုတ်စစ်ဆေးရာတွင် တ ရားလိုနှင့် အမှုစစ်အရာရှိတာဝန် ယူထားသူ ရဲအုပ်အောင်အောင် ကို စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူများ၏ ရှေ့နေများက တရားခွင်၌ အပြန်အလှန် မေးခွန်းများမေးမြန်းခဲ့သည်။ စွပ်စွဲခံထားရသူခြောက်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀လိမ်လည်မှု၊ ပုဒ်မ ၄၆၈ စာရွက်စာတမ်းအတုပြုလုပ်မှုများဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။

‘‘ဇန်န၀ါရီ ၅ ရက်က သက္ကယ်သောင် မြစ်ကူးတံတား တည် ဆောက်ရေးစီမံကိန်းအတွက် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ ကိုယ်စားလာတယ်လို့ကြားတယ်။ ဒီလူတွေက ကျေးရွာအုပ်ချုပ်ရေးမှူး တွေရဲ့ ထောက်ခံချက်တွေလာ ပြီး စုဆောင်းတယ်လို့ဆိုပြီး ကျေးရွာတွေမှာ ပြောနေတာကို မသင်္ကာလို့ စခန်းခေါ်ပြီး စစ် ဆေးခဲ့ရာက သူတို့ကို ဖမ်းဆီးနိုင်ခဲ့တာပါ’’ဟု ငပုတောမြို့နယ် သုံးခွကျေးရွာ ရဲစခန်းမှူး ရဲအုပ် အောင်အောင်ကပြောသည်။

၎င်းတို့ကို စတင်ဖမ်းဆီးစစ်ဆေးစဉ်က ၀န်ကြီးချုပ်မန်းဂျော်နီ၏ လက်မှတ်အတုဖြင့် ဦးဟန်လင်းအမည်၊ အသက်နှင့် မှတ်ပုံတင်နံပါတ် စသည့် ကိုယ်ရေးအချက်များ ဖြည့်သွင်းထားသော အဖွဲ့အစည်းကတ်တစ်ခု၊ ရုံးတံဆိပ်တုံးအသုံးပြု၍ ကွန်ပျုတာစာစီထားသည့် ရုံးစာတစ်စောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ထောက်ခံချက်ပေးရန်အသင့် ရေးသားထားသည့် စာရွက်လေးရွက်တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကတရားခွင်တွင် ပြောသည်။

ထို့ကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြအကြောင်း ကြားခဲ့ရာ ဧရာဝတီတိုင်းဝန်ကြီး ချုပ်အနေဖြင့် ယင်းအဖွဲ့အစည်း အား ဖွဲ့စည်းတာဝန်ပေးအပ်ထား ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့ ပြီး ဥပဒေအတိုင်းတရားစွဲဆိုရန် အကြောင်းကြားခဲ့သဖြင့် တရားစွဲ ဆိုခဲ့ကြောင်း ရဲအုပ်အောင်အောင်က တရားခွင်တွင်ပြောသည်။

ထို့နောက် ရဲတပ်ဖွဲ့က ဦးဟန်လင်း၊ ဦးညွန့်ဝင်း၊ ဦးမျိုးမင်းဦးနှင့် ဦးသန်းထွဋ်ပိုင်တို့ လေးဦးကို စစ်ဆေးခဲ့ရာ တံဆိပ်တုံးအတုပြုလုပ်သူ ဦးနေထွန်းအောင်နှင့် စာရွက်စာတမ်း အတုပြုလုပ်သူ ဦးအောင်ကိုလတ်တို့အား ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲအုပ်အောင်အောင်ကဆိုသည်။

‘‘ဒီကိစ္စတွေကို လုပ်ခဲ့တာ ကျွန်တော်တစ်ယောက်တည်းပါ။ ကျန်တဲ့သူသုံးဦးမပါပါဘူး’’ဟု ဦး ဟန်လင်းက တရားခွင်တွင် ပြန် လည်ပြောဆိုခဲ့သည်။ အဆိုပါ အ မှုနှင့်ပတ်သက်၍ မတ်လ ၁ ရက် တွင် ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ကျူးလွန်သူဟု စွပ်စွဲခံရသူများကို ပုသိမ်အကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်း  သတင်းရရှိသည်။


7Day News Journal

No comments:

Post a Comment