အနုပညာရှင်တွေရဲ့ လက်ရာကဗျာတွေကို စုစည်းထုတ်ဝေမယ့် ပိုပို
မွေးနေ့ အမှတ်တရအ ဖြစ် သီချင်းခြောက်ပုဒ်ပါဝင်သော မီနီတေးအယ်လ်ဘမ်ထွက် ရှိမည်ဖြစ်ပြီး အနုပညာရှင်များ ရေးသားထားသော ကဗျာများကို စုစည်း၍ ကဗျာစာအုပ်ထုတ်ရန်ရှိ ကြောင်း အဆိုတော် ပိုပိုက ပြော သည်။
‘‘မေလ ၁၆ ရက်နေ့မှာ ပိုပို မွေးနေ့ရှိတယ်။ မွေးနေ့အမှတ်တရအဖြစ် မီနီအယ်လ်ဘမ်ထုတ် မှာပါ။ ဒီကြားထဲမှာတော့ ပိုပို ကဗျာစာအုပ်လေးတစ်အုပ် ထွက်ဖို့စီစဉ်နေတာ ရှိပါတယ်။ ဒီစာအုပ်လေးမှာ ကဗျာဆရာတွေနဲ့ အနု ပညာရှင်တွေ ရေးထားတဲ့ ကဗျာ လေးတွေပါပါမယ်’’ဟု ပိုပိုက ပြောသည်။ ပိုပို၏ မွေးနေ့အမှတ်တရအဖြစ် ထုတ်ဝေမည့် မီနီ အယ်လ်ဘမ်တွင် ၎င်းကိုယ်တိုင် ရေးသားထားသည့် တေးသီချင်းခြောက်ပုဒ်ခန့် ပါဝင်ပြီး Music MTV ကိုပါ တစ်ပါတည်းထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အနုပညာရှင် အချို့နှင့် ကဗျာဆရာများ ပါဝင် ရေးသားထားသည့် ကဗျာစာအုပ် ကို ဖေဖော်ဝါရီလကုန်တွင် စီစဉ် ထုတ်လုပ်မည်ဖြစ်ရာ ကျပ် ၃,၅၀၀ ခန့်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရသည်။
‘‘ပိုပိုက ကဗျာတွေကို ကြိုက်တယ်။ ဒီအထဲမှာ ကဗျာရေးတဲ့အနုပညာသမားတွေလည်းပါ မယ်။ ကိုစိုင်းစိုင်းဆီက တောင်းထားတယ်။ ကိုနေတိုးဆီက ရပြီ။မကြီးစိုးဆီကလည်း ရပြီ။ ဒါရိုက် တာ ဩရသပါမယ်။ ပိုပိုပါမယ်။ ဦးအရိုင်းဆီကလည်း တောင်း ထားတယ်။ တခြားအနုပညာရှင် တွေလည်း ပါမှာပါ။ မှော်ဆရာမ စာအုပ်တိုက်ကနေ ထုတ်ပြီး ရောင်းရတဲ့ ငွေတွေကိုလည်း ကဗျာဆရာတွေကို ပြန်လှူမယ်။ အသက်ကြီးပြီး နွမ်းပါးတဲ့သူတွေ ကိုပဲ ပြန်လှူဖြစ်မှာပါ’’ဟု ပိုပိုက ပြောသည်။
အဆိုပါ ကဗျာစာအုပ်တွင် ပိုပိုက ၎င်းကိုယ်တိုင်ရေးသားထား သော မေတ္တာအကြောင်းပြော သည့် ကဗျာတစ်ပုဒ် ရေးသား မည်ဖြစ်ပြီး အနုပညာရှင်နှင့် ကဗျာဆရာဦးရေ တစ်ရာကျော် ပါဝင်မည်ဖြစ်သည်။
‘‘ပိုပိုရေးထားတဲ့ ကဗျာတွေ ကတော့ များတယ်။ ကဗျာတွေ အပုဒ် ၂၀ ကျော် ရှိတယ်။ ဒီစာ အုပ်မှာတော့ မေတ္တာနဲ့ပတ်သက် တဲ့အကြောင်းကို ထည့်မှာပါ။ ပိုပို က တာရာမင်းဝေ စာအုပ်အရမ်း ဖတ်တယ်။ ငယ်ငယ်က မော်ဒန် ဆိုပြီး ရေးချင်တာတွေ ရေးထား တယ်။ အဓိကကတော့ ကိုယ်ခံ စားရတာလေးကိုတွေကို ပုံဖော် ပြီး ရေးဖြစ်တာပါ’’ဟု ပိုပိုက ပြောကြားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment