Latest News

Saturday, February 4, 2017

မြောင်းမြမြို့ ဝန်ထမ်းအိမ်ယာဟောင်းကို ပြန်လည်ပြုပြင်ပေးစေလို

မြောင်းမြမြို့ ဝန်ထမ်းအိမ်ယာဟောင်းကို ပြန်လည်ပြုပြင်ပေးစေလို


မြောင်းမြမြို့ ကမ်းနားလမ်း ၁ လမ်းထောင့် တွင်ရှိသည့် ယခင် EPC ရုံးဝန်းဟောင်း ဖြစ်ခဲ့သည့် ယခုဝန်ထမ်းအိမ်ယာ အဆောက်အဦးသည် လမ်းမကြီးဘေး တွင်တည်ရှိပြီး မပြုပြင်သည်မှာ နှစ်ပေါင်းကြာမြင့် နေပြီဖြစ်သဖြင့် ပျက်စီးယိုယွင်းလျက် ရှိကြောင်းမြို့ခံများ ထံမှ သိရပါသည်။

ထိုဝန်ထမ်းအိမ်ယာဟောင်း မှာလူမနေ တော့သော်လည်း ၄င်း၏အနောက် ဘက်တွင် ဝန်ထမ်းများနေထိုင်သော အိမ်များရှိခြင်း လမ်းမကြီးဘေးတွင် တည်ရှိကာ မြင်မကောင်းအောင် ပျက်စီးယိုယွင်းနေသဖြင့် ဒေသခံများက ပြန်လည်ပြုပြင်ပေးစေ လိုကြောင်း သိရပါသည်။

The Ayeyarwaddy Times

No comments:

Post a Comment