Latest News

Thursday, February 9, 2017

ဆီးရီးယားမှာ အမေရိကန် လေကြောင်းတိုက်ခိုက်၊ အယ်လ်ကိုင်းဒါး ၁၁ ယောက် သေ

ဆီးရီးယားမှာ အမေရိကန် လေကြောင်းတိုက်ခိုက်၊ အယ်လ်ကိုင်းဒါး ၁၁ ယောက် သေ

အခု လအတွင်း ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှု နှစ်ခုကြောင့် အိုစမာဘင်လာဒင်ရဲ့ မဟာမိတ် ဖြစ်ခဲ့သူ တဦး အပါအဝင် အယ်လ်ကိုင်းဒါး အဖွဲ့ဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန် က ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု တခုတည်းမှာပဲ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး ဂျက်ဖ် ဒေးဗစ် ဆိုပါတယ်။

အိုစမာဘင်လာဒင်နဲ့ အင်မတန်နီးစပ်ခဲ့တဲ့ အဘူဟာနီအလ်လ်မဆာရီ ကတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ မှာ ထပ်မံ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ် ပြောပါတယ်။

အလ်လ်မဆာရီဟာ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေတုန်းက အာဖဂန်နစ္စတန်မှာ အယ်လ်ကိုင်းဒါး လေ့ကျင့်ရေးစခန်းတွေကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။  သူဟာ ၂၀၁၁ ခုနှစ် ဘင်လာဒင် တယောက် အမေရိကန် တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းခံရပြီးနောက်ပိုင်း အယ်လ်ကိုင်းဒါး ခေါင်းဆောင် ဖြစ်လာခဲ့သူ အိုင်မန်အယ်လ်ဇဝါဟီနဲ့လည်း ရင်းနှီးသူပါ။

အယ်လ်ကိုင်းဒါးရဲ့ အမေရိကန် ပြည်တွင်းနဲ့ ကမ္ဘာ တဝှမ်းက အမေရိကန် အကျိုးစီးပွား တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် အကြံအစည်တွေကို အခု လေကြောင်းတိုက်ခိုက်မှုကနေ ချေမှုန်းနိုင်ခဲ့တယ်လို့ ဗိုလ်ကြီး ဒေးဗစ်က ပြောပါတယ်။

သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက် အယ်လ်ကိုင်းဒါး အဖွဲ့ အပေါ် ပထမဆုံး  တိုက်ခိုက်ခဲ့တဲ့ အရင် အပတ်က ယီမင် စစ်ဆင်ရေးမှာတော့ အမေရိကန် ရေတပ် အထူး အဖွဲ့ဝင် တဦး ကျဆုံးခဲ့ပြီး ကလေးတချို့ အပါအဝင် အရပ်သား ၁၆ ယောက် အထိ သေဆုံးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။  ထရမ့် အစိုးရအဖွဲ့ကတော့ အဲဒီ စစ်ဆေးရေးကို အောင်မြင်တဲ့ စစ်ဆေးရေး အဖြစ် ကြေညာခဲ့ပြီး ထောက်လှမ်းရေး အတွက် အသုံးကျတဲ့ သတင်းအချက်အလက်တွေ ရခဲ့တယ်လို့ ဆိုထားပါတယ်။
BBC

No comments:

Post a Comment