Latest News

Thursday, February 16, 2017

ကြက်ရိုး ပဲသီး အညာချက်

ကြက်ရိုး ပဲသီး အညာချက်

ပါဝင်ပစ္စည်းများ

ကြက်ရိုး၃၀ ကျပ်သား

ပဲတောင့်ရှည်၁၀ တောင့်

ကြက်သွန်နီ၁ လုံး

ဆီစားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

- ပထမဦးစွာ ကြက်ရိုးများကို အတုံးသေးများတုံး၍ ငံပြာ ရည်၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။

-ကြက်သွန်နီကို ညက်အောင်ထောင်း၍ ပဲသီးများကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

-ဒန်အိုးတစ်လုံးထဲတွင် ကြက်ရိုး၊ ကြက်သွန်နီ၊ ဆီတို့ကို ထည့်၍ သမအောင်နယ်ကာလုံးပေးပါ။

-ကြက်ရိုးများအရည်တင်းလာလျှင် ရေထည့်၍ နူးအောင် ချက်ပေးပါ။

-ကြက်ရိုးနူးလျှင် ပဲသီးများထည့်၍ မွှေပြီး အဖုံးအုပ်ထားပါ။

-ပဲသီးများနူးလာလျှင် အရသာစိတ်ကြိုက်မြည်းကာ မီးပိတ် လို့ရပါပြီ။



7Day News Journal

No comments:

Post a Comment