အနုပညာဖန်တီးမှုများဖြင့် ဖွင့်လှစ်ခဲ့သည့် တို့ရန်ကုန် တို့အိမ်ရာပွဲတော်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဗြိတိသျှသံရုံးတို့ ပူးပေါင်းစီစဉ်သည့် တို့ရန်ကုန် တို့အိမ်ရာဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်ညနေက စတင်ဖွင့်လှစ် ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ အပါအ၀င် အထင်ကရနေရာများ ၌ အနုပညာဖန်တီးမှုများ ခင်း ကျင်းပြသခဲ့သည်။
‘‘ကျွန်တော်တို့ရဲ့ အရင် တုန်းက ကိုယ့်မြို့ကိုယ်၊ ဒီအိမ်ဒီ ရာကို ဖန်တီးခွင့်မရခဲ့ပါဘူး။ အ ခုတော့ ရန်ကုန်ကို ဖန်တီးခွင့်ရပြီ။ ရန်ကုန်ဟာ ကျွန်တော်တို့လက် ထဲရောက်နေပြီ။ ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန် တော်တို့ ၀ိုင်းပြီးဆောင်ရွက်ကြ မယ်’’ဟု ဦးဖြိုးမင်းသိန်းက ဖွင့်ပွဲ အခမ်းအနား၌ ပြောသည်။
ရန်ကုန်မြို့ မဟာဗန္ဓုလပန်း ခြံတွင် ပြသထားသော ပန်းချီကားများနှင့် ရိုးရာအစဉ်အလာနှင့် အနုပညာတို့ ပေါင်းစပ်ထားသော ၀ါးပတ္တလားများနှင့် ပြုလုပ်ထားသည့် Your Sound is My Sound အနုပညာပြကွက်၊ စတီးဇွန်းများဂဟေဆက်ပြီး အတောင်ပံပုံသဏ္ဌာန်ပုံဖော်ထားကာ လှေတစ်စီးပေါ်တွင် တင်ထားသည့်Wingsof Hope အနုပညာပြကွက်များကို ပြသထားသည်။
‘‘Wings of Hope ကိုသေ ချာကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်အမျိုးသမီးတစ်ဦး ရဲ့ပုံကို မြင်ရပါလိမ့်မယ်။ ကြည့် တဲ့ သူရဲ့ ရှုထောင့်နဲ့အမြင်ကတော့ လိုတာပေါ့နော်။ ဒီဟာတွေက တပ်ဆင်ထားရုံသက်သက် မ ဟုတ်ပါဘူး။ အနုပညာကို ခံစား တတ်ဖို့ ပြသထားတဲ့ အနုပညာ လက်ရာတွေပါ’’ဟု ကိုအောင် မြတ်ဌေးကပြောကြားသည်။
‘‘Wings of Hope ဆိုတာက မျှော်လင့်ခြင်းအတောင်ပံပေါ့။ အားလုံးအတူတကွ ရွက်လွှင့်မယ် ဆိုတာပေါ့။ ဒီမှာသုံးထားတဲ့ စတီးဇွန်းတစ်ချောင်းစီတိုင်းက ကျွန်တော်တို့ပြည်သူတွေကို ရည် ညွှန်းပါတယ်။ တစ်ယောက်ချင်းစီ ထက် အားလုံးစုပေါင်းရင် လိုရာ ခရီးကိုသွားနိုင်မယ့်သဘောပါ’’ ဟု ပွဲတော်ပြတိုက်မှူး ကိုအောင် မြတ်ဌေးက ဆက်လက်ပြောကြား သည်။
တို့ရန်ကုန်တို့အိမ်ရာပွဲတော် တွင် အမှတ်တရများ၊ အရာဝတ္ထု များနှင့်နေရာများ ဟူသည့် အ ကြောင်းအရာဖြင့် သမိုင်းတစ်ရပ် ရှိနေသော အမှတ်တရနေရာများ၊ ပျောက်ကွယ်နေသော နေရာများကို အဓိကဦးတည်ဆောင်ရွက်ထားကြောင်းသိရသည်။
ယခုပွဲတော်ကို ဖေဖော်ဝါရီ ၂၅ ရက်မှမတ်လ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
7Day News Journal
Saturday, February 25, 2017
အနုပညာဖန်တီးမှုများဖြင့် ဖွင့်လှစ်ခဲ့သည့် တို့ရန်ကုန် တို့အိမ်ရာပွဲတော်
အနုပညာဖန်တီးမှုများဖြင့် ဖွင့်လှစ်ခဲ့သည့် တို့ရန်ကုန် တို့အိမ်ရာပွဲတော်
Reviewed by Ar Ti
on
8:58 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment