Latest News

Sunday, February 12, 2017

မီးဖွာပြီး အမျိုးသမီးများ ကိုယ်အလေးချိန်လျော့ကျစေရန် နည်းလမ်းများ

မီးဖွာပြီး အမျိုးသမီးများ ကိုယ်အလေးချိန်လျော့ကျစေရန် နည်းလမ်းများ

၁။ မိခင်နို့ တိုက်ကျွေးခြင်း

မိခင်နို့ တိုက်ကျွေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်လျော့ကျရုံသာမက မိမိ၏ရင်သွေးအတွက်လည်း အကျိုးများစွာရှိနိုင်ပေသည်။

၂။ လမ်းလျှောက်ခြင်း

မီးဖွားပြီးခါစ အမျိုးသမီးများအတွက် ပြင်းထန်သော လေ့ကျင့်ခန်းများသည် မသင့်လျော်သော်လည်း ပုံမှန်လမ်းလျှောက်ပေးခြင်းသည် မိခင်၏ ကိုယ်စိတ်နှလုံးကို အထောက်အကူပြုနိုင်သည်။

၃။ မိနစ်၃၀ ခန့် လေ့ကျင့်ခန်းလုပ်ပေးခြင်း

မီးဖွားပြီး နှစ်လ သုံးလ မှစ၍ ပုံမှန်လေ့ကျင့်ခန်းများကိုလုပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုလျော့ချနိုင်ပါသည် ။

၎။ ရေဓာတ်ဖြည့်တင်းပေးခြင်း

ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးမှု မရှိအောင် ဂရုတစိုက်ဖြင့် ရေသောက်ပေးသင့်ပေသည်။ ရေဓာတ်သည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိကာ ဇီဝကမ္မဖြစ်စဉ်ကိုအားပေးပါသည်။

၅။ စိတ်ဖိစီးမှုများကို လျော့ချခြင်း

စိတ်ဖိစီးမှုများခြင်းသည် ခန္ဓာကိုယ်တွင်း Cortisol ဟော်မုန်းကို တက်စေခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျမှုကို ဟန်တားနှောင့်ယှက်နိုင်ပါသည်။ စိတ်ဖိစီးမှုလျော့နည်းစေရန် မိမိ၏ ခင်ပွန်းအား ကလေးကို ဂရုစိုက်စေခြင်း၊ တရားထိုင်ခြင်း၊ အသက်ပုံမှန်ရှူခြင်း၊ သီချင်းနားထောင်ခြင်း နှင့် လမ်းလျှောက်ခြင်းတို့ ကိုပြုလုပ်နိုင်ပါသည်။

၆။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးခြင်း

အစာအာဟာရ ပြည့်ဝစွာစားသုံးခြင်းဖြင့် မိမိ၏ကျန်းမာရေးအတွက်သာမက ရင်သွေးအတွက်လည်း မိခင်နို့ ကို လုံလောက်စွာရရှိစေနိုင်ပါသည်။ ကျန်းမာရေးနှင့် မညီညွတ်သော အစာများစားခြင်းနှင့် မီးဖွားပြီးနောက်ပိုင်း ၀ခြင်းသည် ဆက်စပ်မှုရှိပါသည်။

၇။ မနက်စာ နေ့ စဉ်စားခြင်း

နေ့ စဉ်မနက်စာကို မပျက်မကွက် စားပေးခြင်းသည် မိခင်၏ကျန်းမာရေးအတွက်သာမက ကလေး၏ကြီးထွားဖွံ့ ဖြိုးမှုကို ဟန့်တားစေသည်။

၈။ အိပ်ရေး၀၀ အိပ်ခြင်း

အိပ်ရေး၀၀အိပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်းကို အထောက်အကူပြုစေသည်။

၉။ သွားရည်စာများကိုရှောင်ခြင်း

မကြာခဏဗိုက်ဆာခြင်းသည် မိခင်တို့ တွင်ဖြစ်လေ့ရှိသော်လည်း သွားရည်စာ များစားခြင်းဖြင့် ၀မ်းမဖြည့်သင့်ပေ။

သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit : Dr.Thiha

No comments:

Post a Comment