Latest News

Saturday, February 4, 2017

ဦးကိုနီနှင့် ဦးနေ၀င်းမိသားစုအတွက် ဒီချုပ်ကိုယ်စားလှယ်များက နှစ်ဆယ့်သုံးသိန်းငါးသောင်းကျပ်စီ ကူညီ

ဦးကိုနီနှင့် ဦးနေ၀င်းမိသားစုအတွက် ဒီချုပ်ကိုယ်စားလှယ်များက နှစ်ဆယ့်သုံးသိန်းငါးသောင်းကျပ်စီ ကူညီ



 ဦးကိုနီ လုပ်ကြံခံရမှုတွင် အသက်ဆုံးပါးခဲ့သော ဦးနေ၀င်းမိသားစုနှင့် ဦးကိုနီ မိသားစုတို့အား နေပြည်တော်ရှိ လွှတ်တော်နှစ်ရပ်မှ ဒီချုပ်ကိုယ် စားလှယ်များက စုပေါင်း၍ ကျပ် ၄၇ သိန်း ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့မှ ဒီချုပ်လွှတ်တော်ကိုယ် စားလှယ်များက ၎င်းတို့၏ ကိုယ်  ပိုင်အစီအစဉ်ဖြင့် တစ်ဦးလျှင် တစ်သောင်းကျပ် အနည်းဆုံး ထည့်ဝင်ကာ စုစုပေါင်းရရှိသော ၄၇ သိန်းကျပ်ကို ဦးကိုနီမိသားစု နှင့် ဦးနေ၀င်းမိသားစုတို့အား ထက်ဝက်စီခွဲဝေ၍ ဖေဖော်ဝါရီ ၄ ရက်၌ ထောက်ပံ့ငွေပေးအပ်ခဲ့ သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။

‘‘ကျွန်တော်တို့ ကူညီသင့်တဲ့ သူတွေကို ကူညီကြတာပါ။ အမှန် တရားအတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးတဲ့အတွက် အသိ အမှတ်ပြုဂုဏ်ပြုတဲ့ သဘောပါ’’ ဟု ဦးကျော်ထွေးကပြောသည်။

ဦးကိုနီမိသားစုအား နှစ် ဆယ့်သုံးသိန်းငါးသောင်းကျပ် ပေးအပ်ပြီး ဦးနေ၀င်း၏ သမီး ပညာရေး အသုံးစရိတ်အတွက် ဘဏ်စာအုပ်ဖွင့်လှစ်၍ နှစ်ဆယ့် သုံးသိန်းငါးသောင်းကျပ် လွှဲ ပြောင်းခဲ့ကြောင်း ဦးကျော်ထွေး က ရှင်းပြသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အစီအစဉ်နဲ့ ကောက်ခံတာ ပေါ့။ တစ်ဦးကို အနည်းဆုံး တစ် သောင်း ထည့်ဝင်ကြတယ်။ နှစ် သောင်းထည့်ဝင်တဲ့သူလည်း ရှိ တယ်’’ဟု ပဲခူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ ရွှေပုံကပြောသည်။

ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံမှ ပြန် လာစဉ် ရန်ကုန်လေဆိပ်၌ ကြည် လင်းအမည်ရှိ သေနတ်သမား၏ သေနတ်ဖြင့် လုပ်ကြံခြင်းခံရပြီး ကြည်လင်းကို ၀ိုင်းဝန်းဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်း ဦးနေ၀င်းလည်း အသက်ဆုံးရှုံးခဲ့ရ သည်။

ယင်းဖြစ်စဉ်အပေါ် ၀မ်း နည်းခြင်း အထိမ်းအမှတ်အဖြစ် ဇန်န၀ါရီ ၃၀ ရက်တွင် ပြုလုပ် သော အမျိုးသားလွှတ်တော် အ စည်းအဝေး၌ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်အများစုက ဖဲကြိုး နက်တပ်ဆင်၍ အစည်းအဝေး သို့ တက်ရောက်ခဲ့ကြသည်။

=============

7Day News Journal


No comments:

Post a Comment