Latest News

Monday, February 6, 2017

ကွတ်ခိုင်မြို့နယ်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ်ပစ္စည်း များတွေ့ရှိ သက်မဲ့ပြုလုပ်၍ သိမ်းဆည်းရမိ

ကွတ်ခိုင်မြို့နယ်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ်ပစ္စည်း များတွေ့ရှိ သက်မဲ့ပြုလုပ်၍ သိမ်းဆည်းရမိ

ဖေဖော်ဝါရီ ၆၊၂၀၁၇
.
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ် ပစ္စည်းများကို ဖေဖော်ဝါရီ ၅ ရက် နံနက် (၉) နာရီတွင် တွေ့ရှိခဲ့၍ သက်မဲ့လုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ အရှေ့ဘက် (၃) မိုင်ခန့်အကွာရှိ နမ့်ဟူးလုံကျေးရွာ အတွက် အမှိုက်ပုံ၌ မသင်္ကာဖွယ် စက္ကူပုံးတစ်ခုတွေ့ရှိကြောင်း သတင်းအရ ကွတ်ခိုင်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့တို့သည် သွားရောက် ရှင်းလင်းခဲ့ရာ ဘီယာဖာအခွံအတွင်း မှ အလျား (၆) လက်မ၊အနံ (၃)လက်မ ခန့်ရှိ ရှေ့ထွက်မိုင်း (၅) လုံး၊ဒီတိုနေတာ (၅) ခု၊ ဆားကတ် အုံ (၅) ခုနှင့် ရီမု (၁) ခု တို့အား တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
(နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment