Latest News

Saturday, February 25, 2017

လူငယ်ဘာဝ သတင်းစာ ရှင်းလင်းပွဲကြီး

လူငယ်ဘာဝ သတင်းစာ ရှင်းလင်းပွဲကြီး


မနေ့က ဦးကိုနီ လုပ်ကြံမှုကြီး နှင့် ပါတ်သင်၍ သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ခဲ့ပြီး ပြည်သူများကို ဖြစ်စဉ် များ တင်ပြခဲ့တာ တွေ့ရပါတယ်။

သို့သော် အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို အားကိုးတကြီး စောင့်ကြည့်ခဲ့ကြသော ပြည်သူများအဖို့ စိတ်မအေး ခဲ့ကြရသည့်အပြင် ၎င်းတို့၏ အသက် အိုးအိမ်များပင် လုံခြုံမှု ရှိပါလေတော့မလားဟု စိုးရိမ်ကြောင့်ကြစိတ်များသာ ဖြစ်ပေါ်လာခဲ့ရပါတယ်။

အဆိုပါ ကမ္ဘာကျော်သွားခဲ့ရသည့် နေ့ခင်းကြောင်တောင် ရက်စက်စွာ လုပ်ကြံမှုကြီးကို ကျူး လွန်သူများက အစွန်းရောက် မျိုးချစ်များသာ ဖြစ်ပြီး လူငယ်ဘာဝ ကျူးလွန်မိကြတယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်မှုကြောင့် ဖြစ်ပါတယ်။

သို့သော် အဆိုပါ လူငယ်လေးများ ဆိုသည်က ဆယ်ကျော်သက် အရွယ် ကလေကချေလေးများ မဟုတ်ကြပဲ ငွေကြေးအင်အား လွန်စွာ ချမ်းသာပြီး လူတယောက်ကို သတ်ဖြတ်ပေးယုံဖြင့် သိန်းထောင်ချီနီးပါး ပေးနိုင်စွမ်း ရှိတဲ့ တပ်မတော် အရာရှိဟောင်း  အသက် ၅၀ ကျော်နီးပါးများ ဖြစိနေကြသည် ဆိုသည် အချက်ကို လူထုကြီးက မေ့လျော့ခဲ့ကြခြင်း မရှိပေ။

တတိယ တရားခံ အဖြစ် ဖမ်းဆီးရမိထားသူ ဇေယျာဖြိုး နှင့် အောင်ဝင်းခိုင်တို့နှစ်ဦး တာမွေရှိ လ္ဘက်ရည်ဆိုင် တခုတွင် ဦးကိုနီအား လုပ်ကြံ သတ်ဖြတ်ရန် ၂၀၁၆ ဧပြီလက ဆွးနွေးနေကြစဉ် ပြည်ခိုင်ဖြိုး အမတ် ဖြစ်သူ ဗိုလ်မှုးကြီးဟောင်း လင်းဇော်ထွန်းရှိနေတယ်လို့ အတည်ပြု ပြောကြားခဲ့ပေမယ့် ၎င်းအား သံသယရှိသူ အဖြစ် ထည့်သွင်းထားခြင်း မရှိလို့ ပြောဆိုခဲ့ပြန်ပါတယ်။

အဆိုပါ ဗိုလ်မှုးကြီးဟောင်း လင်းဇော်ထွန်းသည် မဘသ အဖွဲ့ ခေါင်းဆောင် အရှင် ၀ီရသူအား ရွေးကောက်ပွဲ မတိုင်မီ နှစ်လက ကျပ်သိန်း လေးရာ လှုဒါန်းခဲ့တယ်လို့ ပြောပါတယ်။

သို့သော်လည်း ၎င်းတို့ အနေနဲ့ မဘသ ပါဝင် ပါတ်သက်ခြင်း မရှိဘူးလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

တတိယ တရားခံ ဖြစ်သူ ဇေယျာဖြိုးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၃၈ မှ ကျောင်းဆင်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဗိုလ်ကြီးဘ၀နဲ့ အငြိမ်းစားယူ ခဲ့သူ ဖြစ်ပါတယ်။
အငြိမ်းစားယူ ပြီးနောက် G-38 Group ကုမ္ပဏီ အပြင် အခြား ကုမ္ပဏီ များကိုလည်း အောင်ဝင်းခိုင် အမည်အပြင် ၎င်း၏ ဇနီး အမည်နှင့်ပါ တည်ထောင်ခဲ့ပါတယ်။

ယင်းကဲ့သို့ ကျပ်ငွေ သိန်းပေါင်း ထောင်ချီ၍ ချမ်းသာ ကြွယ်ဝနေကြသော လုပ်ငန်းရှင် သူဌေးကြီးများ တပ်မတော်အရာရှိဟောင်းကြီးများက အစဉ်းစား အဆင်ညဏ်မဲ့စွာ လူငယ် ဘာဝ ရာဇ၀တ်မှု ကျူးလွန် လိုက်ကြသည်ဆိုဟု  ယုံကြည်နေကြသော အဖြစ်ကို လူထုက တအံ့တသြ သိရှိသွားခွင့် ရခဲ့ပါတယ်။

ယင်သည် မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့  အကြီး အကဲ များ အနေဖြင့် လူထုရဲ့ ယုံကြည်ကိုးစားမှု မဲ့လာနေခြင်းသည် အကြောင်းမဲ့ မဟုတ် ဆိုသည်ကို ထပ်လောင်း၍ သက်သေ ပြလိုက်ခြင်း ဖြစ်တယ်လို့ ဆိုရှယ် မီဒီယာ များမှတဆင့်  လူထုက အပြင်းအထန် တုံ့ ပြန် ပြောဆိုခဲ့ကြတာ တွေ့ရပါတယ်။

သို့သော်လည်း စုံစမ်းစစ်ဆေးနေခြင်းသည် မပြီးဆုံးသေးပဲ ယခု အချိန်အထိ လူ ၇၃ ဦးကို မေးမြန်းစစ်ဆေးခဲ့တယ် လို့ ဆိုပြန်ပါတယ်။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် ဖြစ်တယ်လို့ ရဲအဖွဲ့ကြီးက ကြို တင် ကောက်ချက် ချထားပြီး ဖြစ်၍ လူထုကြီးအနေနဲ့ ဘယ်ကိုမှ ထပ်ပြီး မျော်လင့်၍ မရတော့သည့်  အဖြစ်ကို ရောက်သွား ခဲ့ရပါတယ်။

အစိုးရ အနေဖြင့်လည်း အနှီ ဖြစ်စဉ်ကြီးအား ယခု အထိ မည်သို မျ ထိထိရောက်ရောက် ၀င်ရောက် ပြောဆိုခြင်း မတွေ့ရသေးပါဘူး။

သို့သော် လူထုကြီးမှ ၎င်းတို့ ရွေးချယ် တင်မြှောက်ခဲ့သော ပြည်သူ အစိုးရ လက်ဝယ်တွင် အမှန်တကယ် သြဇာအာဏာ  ရှိမရှိ မေးခွန်းထုတ်လာကြပြီး ရှိသမျ ကလည်း တဖြေးဖြေး ဆုတ်ယုတ် ကျဆင်းလာနေပြီ ဆိုသည့် အဖြစ်ကို တွေ မြင်နေကြရပြီလို့ ပြောဆိုသံ တွေ ဆူညံလာနေပြီ ဖြစ်ပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကတော့ ဦးကိုနီ တလပြည့် အထိမ်းအမှတ်ကို တော်ဝင်နှင်းဆီ မှာ ကျင်းပသွားဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

 ဓါတ်ပုံ။ ။ Mizzima News

HSW

Brain Wave

No comments:

Post a Comment