Latest News

Thursday, February 9, 2017

တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သတ်မှတ်စည်းကမ်း မလိုက်နာပါက ဖြေဆိုခွင့် ရွှေ့ဆိုင်းမည်

တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သတ်မှတ်စည်းကမ်း မလိုက်နာပါက ဖြေဆိုခွင့် ရွှေ့ဆိုင်းမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၇ – တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာမှု မရှိဘဲ အပြစ်ကျူး လွန်ပါက စာမေးပွဲ ဖြေဆိုခွင့်ကို နှစ် အကန့်အသတ် မရှိ ရွှေ့ဆိုင်းမယ် လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက သိရပါတယ်။

“သူ့ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီး အဖိ၊ အပေါ့တော့ ရှိပါတယ်၊ ဆရာ ဆရာမတွေကို ကိုယ်ထိ လက်ရောက် ထိခိုက်အောင် ပြုမူတာမျိုး ကျတော့ နှစ် အကန့်အသတ် မရှိ ရွှေ့ဆိုင်းတာတွေ လုပ်တယ်၊ တော်တော် နည်းသွား ပါပြီ၊ တစ်နိုင်ငံလုံးမှာ အရင်က ရာနဲ့ချီရှိတယ်၊ တဖြည်းဖြည်း နည်းသွားတဲ့ သဘောပါ” လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ အချိန်မှာ စာဖြေတဲ့ ကျောင်းသူ ကျောင်းသား တချို့က စာမေးပွဲ ခန်းစောင့် ဆရာ ဆရာမတွေကို ရန်မူတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန အနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲနဲ့ ပတ်သက်ပြီး ကြီးကြပ်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေ၊ စာဖြေသူတွေ လိုက်နာရမယ့် စည်းကမ်းချက် တွေကို တရားဝင် ကြေညာထားတာ ဖြစ်ပါတယ်။

စာဖြေသူ တစ်ယောက်က စာမေးပွဲအတွင်း မသမာနည်း အသုံးပြု ဖြေဆိုတာ၊ စာဖြေခန်း အတွင်း အရက်သေစာ သောက်စားပြီး ဝင်လာတာ၊ ဆရာ ဆရာမတွေကို ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံတာတွေ တွေ့ရှိပါက ဖြေဆိုခွင့် တစ်နှစ် ကနေ သုံးနှစ် အထိ ပိတ်သိမ်းမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မသမာ ဖြေဆိုမှု ၁၇ မှု ရှိခဲ့တယ်လို့ သိရပါတယ်။

“ကိုယ်ထိ လက်ရောက် စော်ကား လာတာမျိုးက တော်တော် ဆိုးဆိုးရွားရွား ဆိုရင်တော့ ဆရာတို့က နှစ် အကန့်အသတ် မရှိ ပိတ်ပါတယ်” လို့ ဦးမိုးမြင့်ကျော် က ပြောပါတယ်။

အခုနှစ် အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်ထားသူ ဦးရေ ၇၆၀,ဝ၀ဝ ခန့် ရှိပြီး စာစစ်ဌာနပေါင်း ၁၅၀ဝ ကျော် ဖွင့်လှစ် ပေးထားတယ်လို့ သိရပါတယ်။

Author  မေသော်တာမောင်
ကုမုဒြာ

No comments:

Post a Comment