Latest News

Sunday, February 12, 2017

စက်သုံးဆီအရောင်းဆိုင်မှာ အိမ်ကားထဲဆီဖြည့်ရာမှ မီးလောင်ပြီး ကျပ်သိန်း၆၀ဖိုးဆုံးရူံး

စက်သုံးဆီအရောင်းဆိုင်မှာ အိမ်ကားထဲဆီဖြည့်ရာမှ မီးလောင်ပြီး ကျပ်သိန်း၆၀ဖိုးဆုံးရူံး

၁၂၊ဖေဖော်ဝါရီ၊ရန်ကုန်။       ။ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်ကျော်ကြားစက်သုံးဆီ အရောင်းဆိုင်မှာ  အိမ်ကားထဲကို ဆီဖြည့်ရာမှ အပူလွန်ကဲကာ မီးလောင်ပြီး တန်ဖိုးကျပ် သိန်းခြောက်ဆယ်ခန့်ဆုံးရူံးခဲ့တယ်လို့ကျောက်ကြီးရဲစခန်းကနေ သိရပါတယ်။ အဆိုပါမီးလောင်မှုမှာ ဒီနေ့နေ့လည် ၁၂နာရီမှာဖြစ်ပွားခဲ့ပြီး နေ့လည် တစ်နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

“မီးလောင်မှုကြောင့် ဆီဆိုင်နဲ့နေအိမ်နှစ်လုံးလည်း မီးလောင်ကျွှမ်းခဲ့တယ်၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေတော့မရှိဘူး”လို့ ကျောက်ကြီးရဲစခန်းရဲ့တပ်ကြပ်မျိုးမင်းလတ်ကပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သတ်ပြီး ဆီဆိုင်ပိုင်ရှင် ဦးဝေယံအောင်ကို ပေါ့ဆမီး ပုဒ်မ ၂၈၅ နဲ့ ကျောက်ကြီးမြို့နယ် ရဲစခန်းက အမူဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

မေသက်

Sources : Kumudra

No comments:

Post a Comment