Latest News

Tuesday, February 7, 2017

သက်ငယ်အရေး လက်မနှေးစေလို

သက်ငယ်အရေး လက်မနှေးစေလို


‘ဆွံ့အနားမကြားကျောင်းက တရားခံများဖြစ်ကြတဲ့ ကျောင်းဆရာများဟာ ငယ်ရွယ်တဲ့ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခဲ့တာဟာ အရမ်းပြင်းထန်တဲ့ ပြစ်မှုတစ်ခုပါ။ ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ခံထားရတဲ့ သူတို့ကို ခင် ဗျားတို့က စောင့်ရှောက်ရမယ့် အစား အလိုမတူဘဲ လိင်ပိုင်းဆိုင် ရာ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်။ ပြင်းထန်တဲ့ အပြစ်မျိုးပေးသင့်ပေ မယ့်လည်း...’

မိတ်ဆွေညီငယ်တစ်ဦးက ကြည့်စေချင်ကြောင်း ပြောဆိုပြီး တောင်ကိုရီးယားနိုင်ငံက ဖြစ်ရပ် မှန်ရုပ်ရှင်ဇာတ်ကား ပေးလာပါ တယ်။ ဆွံ့အနားမကြားကလေး ငယ်တွေအပေါ် အဓမ္မပြုကျင့်ခြင်း၊ အနိုင်အထက်ပြုကျင့်ခြင်းတွေကို လူမဆန်စွာ ကျူးလွန်ခဲ့သူတို့အ ကြောင်းဖြစ်ပါတယ်။ အဲဒီဇာတ် ကားထဲက ဇာတ်ဝင်ခန်းတစ်ခု မှာ တရားသူကြီးဖြစ်သူ ပြောကြား ခဲ့တဲ့ စကားတချို့ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ တောင်ကို ရီးယားနိုင်ငံမှာ ၂၀၀၀ ပြည့်လွန် ကာလအတွင်း (ဇာတ်ကားတွင် ၂၀၀၅ ခုနှစ်ဟု ဖော်ပြ)က အမှန် တကယ် ဖြစ်ပျက်ခဲ့တဲ့အကြောင်း အရာဖြစ်ပါတယ်။ ဆွံ့အနား မကြားကျောင်းက ကျောင်းအုပ်၊ စီမံခန့်ခွဲရေးမှူးနဲ့ ကျောင်းဆရာ တို့က ဆွံ့အနားမကြားကလေး ငယ်တွေအပေါ် ညှဉ်းပန်းနှိပ်စက် ခဲ့၊ အဓမ္မပြုကျင့်ခဲ့တဲ့အကြောင်းနဲ့ ရဲတပ်ဖွဲ့၊ တရားသူကြီး၊ ရှေ့နေတို့ အဂတိလိုက်စားခဲ့တဲ့အကြောင်း ဖွင့်ချပြထားတဲ့ ဇာတ်ပါ။ ဇာတ်ကားနာမည်က 'Silenced' ဖြစ်ပြီး ရုပ်ရှင်အဖြစ် ၂၀၁၁ က ပြသခဲ့တာဖြစ်ပါတယ်။


ဒီဇာတ်လမ်းကို အကျဉ်းချုပ် ပြီး ပြန်လည်ဖောက်သည်ချချင်ပါ တယ်။ ပန်းချီပိုင်းဆိုင်ရာ သင် ကြားပြသပေးမယ့် ဆရာတစ်ဦး မူဂျင်းမြို့က ဆွံ့အနားမကြား ကျောင်းကို ရောက်လာပါတယ်။ ကျောင်းက ဆွံ့အနားမကြား ကလေးငယ်တွေရဲ့ ဆက်ဆံရေး ပုံစံ မူမမှန်တာတွေကို သူသတိ ထားမိခဲ့ပါတယ်။ တိုတိုပြောရရင် တော့ အဲဒီကနေစပြီး ကျောင်းက တာဝန်ရှိသူတွေက ကလေးငယ် တွေအပေါ်မှာ အနိုင်အထက်ပြု ကျင့်တာ၊ အဓမ္မပြုကျင့်တာတွေ ကို သူသိရှိသွားခဲ့ပါတယ်။

ဒီလိုသိရှိပြီးနောက်မှာ အဲဒီ ဆရာနဲ့အတူ လူ့အခွင့်အရေးဌာန က ဝန်ထမ်းအမျိုးသမီးတို့က ဆိုင် ရာဌာနတွေဆီ သတင်းပေးပို့တိုင် ကြားပါတယ်။ ပညာရေးမှူးရုံးကို တိုင်ပါတယ်။ ပညာရေးမှူးရုံးက ကျောင်းချိန်ပြင်ပမှာ ဖြစ်တဲ့အ တွက် သူတို့နဲ့မဆိုင်ကြောင်း၊ တရားရုံးနဲ့သာဆိုင်ကြောင်း လွှဲချ ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကိုရောက် ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လည်း ပြစ်မှုကျူးလွန်တဲ့ ကျောင်း ဆရာတွေနဲ့ ပလဲနံပသင့်သူ၊ လာဘ်စားထားသူများဖြစ်တော့ ဒီဖြစ်ရပ်ကို လျစ်လျူရှုထားပါ တယ်။ အဲဒီရဲစခန်းကအထွက်မှာ ‘ပြည်သူ့အတွက် ရဲတပ်ဖွဲ့’လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကို ရိုက်ပြပါတယ်။ ဒီလိုနဲ့ နောက်ဆုံး မှာ တီဗီအစီအစဉ်တစ်ခုကနေ ကျူးလွန်ခံရတဲ့ ကလေးငယ်တွေ နဲ့ တွေ့ဆုံမေးမြန်းပါတယ်။ အဲဒီ တွေ့ဆုံမေးမြန်းမှုကို တိုက်ရိုက် ထုတ်လွှင့်ပြီး ဖွင့်ချလိုက်ပါတယ်။

ဒီအခါမှသာ အများပြည်သူ ကလည်းသိရှိ၊ ရဲတပ်ဖွဲ့ကလည်း လျစ်လျူရှုထားလို့မရတော့တဲ့ အဆုံး ပြစ်မှုကျူးလွန်တဲ့ ကျောင်း အုပ်အပါအဝင် သုံးဦးကို ဖမ်းဆီး လိုက်ပါတယ်။ ဖြစ်ရပ်မှန်မဟုတ် တဲ့ ဇာတ်လမ်းမျိုးတွေမှာဆိုရင် တော့ ဒီနေရာဟာ ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန် မှာတော့ ဒီလိုမဟုတ်ပါဘူး။ နောက်ဆက်တွဲဖြစ်စဉ်တွေက ပို လို့ရင်နာရ၊ ပိုလို့ခံပြင်းရတဲ့ ဖြစ် စဉ်များအဖြစ် တည်ရှိခဲ့ပါတယ်။

 ဖမ်းဆီးထားတဲ့သူတွေကို တရားရုံးထုတ်ပါတယ်။ အမှုစစ် ပါတယ်။ အမှုစစ်နေချိန်မှာ သက် သေတွေကို တရားခံဘက်က လာဘ်ထိုးတာ၊ မှုခင်းဆရာဝန်ကို လာဘ်ထိုးတာ၊ တရားလိုရှေ့နေ နဲ့ တရားသူကြီးတို့အထိ လာဘ် ထိုး နှုတ်ပိတ်တာတွေ လုပ်ခဲ့ပါ တယ်။ နောက်ဆုံး ကျူးလွန်ခံရ တဲ့ ကလေးငယ်တွေဘက်ကနေ လိုက်ပါကူညီပေးနေတဲ့ ကျောင်း ဆရာကိုပါ ခေါ်ယူတွေ့ဆုံ လာဘ်ထိုးနှုတ်ပိတ်တဲ့အထိ ဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ ကျောင်းဆရာ က အမှန်တရားဘက်ကသာ ရပ် တည်ခဲ့ပါတယ်။ တခြားသူများ ဖြစ်တဲ့ သက်သေ၊ မှုခင်းဆရာဝန်၊ တရားလိုရှေ့နေနဲ့ တရားသူကြီး တို့ဟာ လာဘ်ငွေဘက်ကို မျက် နှာသာပေးခဲ့ကြပါတယ်။

အပြီးသတ် စီရင်ချက်ချမယ့် နေ့ တရားရုံးကိုအဝင်မှာ ‘လွတ် လပ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု’ လို့ ရေးသားထားတဲ့ ဆိုင်းဘုတ် ကို ရိုက်ပြသွားပါတယ်။ တရားစီ ရင်ရေး အဆုံးသတ်မှာတော့ ဆောင်းပါးအဖွင့်မှာ ရေးခဲ့တဲ့ တရားသူကြီးရဲ့စကားများနဲ့အတူ တရားခံတွေကို ရှစ်လ၊ ခြောက် လဆိုတဲ့ ပြစ်ဒဏ်ကိုသာ ပေးခဲ့ပါ တယ်။ တရားရေးမဏ္ဍိုင်ကြီးတစ် ရပ်လုံး ယိမ်းယိုင်သွားစေတာကို မီးမောင်းထိုးပြခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။

 ဒီဇာတ်ကို ဝတ္ထုအဖြစ် စာ ရေးဆရာမ Gong Ji-Young က ရေးသားခဲ့ပါတယ်။ ဝတ္ထုမှာလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ် ကားဖြစ်ခဲ့ရုံသာမက အမှန်တရား ကိုလိုလားတဲ့၊ မတရားမှုကို စက် ဆုတ်တဲ့ ပြည်သူလူထုက ဒီဖြစ် ရပ်အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ၊ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုမှုတွေ ပြုခဲ့တဲ့အထိ သက်ရောက်စေခဲ့တဲ့ ဇာတ်ကား လည်းဖြစ်ပါတယ်။ နောက်ဆုံးမှာ ဒီအမှုကို ပြန်လည်ရုံးတင်စစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ထိ ရောက်တဲ့ပြစ်ဒဏ်တွေ ပေးခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ကျူးလွန်သူ ၁၀ ယောက်အထိ အပြစ်ပေး အရေးယူခဲ့ပါတယ်။ ဥပဒေပြုရေး မှာလည်း သက်ငယ်မုဒိမ်းမှုနဲ့ပတ် သက်ပြီး ဥပဒေကို ပြင်ဆင်ခဲ့ရပါ တယ်။

ဒီဖြစ်ရပ်နဲ့အလားသဏ္ဌာန် တူတဲ့ဖြစ်စဉ်တွေ ကျွန်တော်တို့ နိုင်ငံမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံနဲ့ ကလေး ငယ်တွေ နှိပ်စက်ခံခဲ့ရတာကို သတင်းတွေကနေတစ်ဆင့် ကျွန် တော်တို့ သိရှိခွင့်ရခဲ့ကြပါတယ်။ သက်ငယ်မုဒိမ်းမှုများနဲ့ပတ်သက် ပြီး ဒီနှစ်ပိုင်းတွေအတွင်းမှာကိုပဲ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ အများသိကြပြီးဖြစ်တဲ့ အင်းဝအပ် ချုပ်ဆိုင်အမှု ပေါ်ပေါက်ခဲ့ပါ တယ်။ မိန်းကလေးငယ်နှစ်ဦး နှစ် ရှည်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရ တာဖြစ်ပါတယ်။ သတင်းသမား တစ်ဦးရဲ့ တာဝန်သိသိ ဖော်ထုတ် ပေးမှုကနေ အများပြည်သူကြား ဟိုးလေးတကျော် ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်မှာ တာဝန်ရှိအဖွဲ့ အစည်းများဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင် တချို့နဲ့ လူ့အခွင့်အရေးကော် မရှင်တို့အပေါ် မေးခွန်းထုတ်မှု များစွာ၊ ကန့်ကွက်ရှုတ်ချမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ တာဝန်ကို ပျက်ကွက်ခဲ့၊ လျစ်လျူရှုခဲ့ကြတဲ့ အတွက် ဖြစ်ပါတယ်။ အခုတော့ ဒီအမှုဟာ တရားရုံးတင် စစ်ဆေး နေတဲ့ အခြေအနေမှာ ရှိနေပါ တယ်။ သုံးလကြာ စစ်ဆေးပြီး နောက်မှာ တရားလိုပြသက်သေ ထက်ဝက်ခန့်ကို စစ်ဆေးပြီး ကြောင်း၊ ဒီနှစ်အတွင်း ပြီးစီးနိုင် ကြောင်း ဆဲဗင်းဒေးသတင်းတစ် ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ မကြာတော့မယ့် ကာလတစ်ခုမှာ စီရင်ဆုံးဖြတ်ချက်များကို ကျွန်တော်တို့ ကြားသိရတော့မှာဖြစ်ပါတယ်။ ဘယ်လို စီရင်ချက်မျိုးတွေထွက် ပေါ်လာမလဲဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေကြ ပါတယ်။

 သက်ငယ်မုဒိမ်းမှုနဲ့ပတ် သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မှာ ထပ်မံ ပေါ်ထွက်ခဲ့ပါတယ်။ မွေးစားထားတဲ့ မိန်းကလေးငယ် တစ်ဦးကို မွေးစားထားသူရဲ့ ယာဉ်မောင်းက အဓမ္မပြုကျင့်တယ်ဆိုတဲ့ ဖြစ်ရပ်ပါ။ ရပ်ကွက်နေသူများက အသိပေးတိုင်ကြားခဲ့လို့ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အသက် (၇)နှစ်အရွယ် တစ် ဦး၊ အသက် (၅)နှစ်အရွယ်နှစ်ဦး နဲ့ အသက် (၃)နှစ်အရွယ်တစ်ဦး တို့ကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါ တယ်။ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ယာဉ်မောင်းအမျိုးသားကို ဖမ်း ဆီးထားပြီး ကလေးမွေးစားထား သူနဲ့ ကလေးထိန်းတို့ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ သိရ ပါတယ်။ အဲဒီမှာ မွေးစားထားတာ စုစုပေါင်းကလေးခုနစ်ဦးဖြစ်ပြီး ယောက်ျားလေး သုံးဦးပါဝင်ပါ တယ်။ ဒီဖြစ်စဉ်ဟာဆိုရင် ဖော်ပြ ပါဇာတ်ကားထဲက တောင်ကိုရီး ယားဖြစ်ရပ်နဲ့ တော်တော်လေးကို နီးနီးစပ်စပ် တူနေတဲ့ဖြစ်ရပ်ပါ။ မွေးစားခံ ကလေးငယ်တွေအပေါ် မှာ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်တွေအတွင်းမှာ သက် ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး အများပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်လာခဲ့သလို သေဒဏ် အထိ အပြစ်ပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်မှုတွေလည်း ပြုခဲ့ပါ တယ်။ လွှတ်တော်တွင်းကလည်း မေးခွန်းမေးမြန်းခြင်း၊ အဆိုတင် သွင်းခြင်းတွေ ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်က ကျင်း ပတဲ့ အမျိုးသားလွှတ်တော်မှာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်နွယ်နွယ်အောင်က ‘မြန်မာနိုင်ငံအတွင်း သက်ငယ်မု ဒိမ်းမှုများ တိုးတက်လာခြင်းနှင့် အပြစ်မဲ့သည့် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေ ရခြင်းမှ  အမြန်ဆုံးကာကွယ်နိုင် ရန်  ပြစ်မှုကျူးလွန်သူများအပေါ် ထိရောက်ဟန့်တားမှုရှိစေရန်၊ တရားရုံးများက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခြင်း အပါအဝင် ထိရောက်သော အစီအမံများ အရေးပေါ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိဆိုပြီး မေးခွန်းမေးမြန်းခဲ့ပါတယ်။

  ဒီမေးခွန်းနဲ့ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုတွေကို ထိ ရောက် ကြီးလေးတဲ့ ပြစ်ဒဏ်ချနိုင် ရေး ခရိုင်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးဖို့ ညွှန်ကြားထားကြောင်း ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီးဦးစိုးညွန့်က လွှတ်တော်မှာ လာရောက်ဖြေ ကြားခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန် သူတွေကို သေဒဏ်အပြစ်ပေးဖို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ကို ပြင်ဆင်မယ့် အဆိုကိုလည်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက ဖေဖော် ဝါရီ ၂ ရက်က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါ တယ်။ လက်ရှိချိန်ထိ အင်္ဂလိပ် ဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့အတွက် ပြင်ဆင်ဖို့တင်တဲ့ အဆိုဟာ မြန် မာဘာသာနဲ့ ဖြစ်နေတာကြောင့် နည်းလမ်းမမှန်တဲ့အတွက် လွှတ် တော်က ပယ်ချခဲ့ပါတယ်။ ဥပဒေ ပြင်ဆင်နိုင်ဖို့ကို ဆက်လက်ကြိုး စားသွားမယ်လို့ အဆိုရှင်က ဆို ပါတယ်။

  သက်ငယ်မုဒိမ်းမှုနဲ့ပတ် သက်ပြီး ထိရောက်တဲ့အရေးယူမှု တွေ ပြုနိုင်ဖို့ ဥပဒေပြု မဏ္ဍိုင်ဖြစ် တဲ့ လွှတ်တော်အပိုင်းက စွမ်း ဆောင်လာချက်တွေဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ဖြစ် စဉ်၊ ဖြစ်ရပ်တွေဟာအနီးဝန်း ကျင်နဲ့ တာဝန်သိပြည်သူတို့ရဲ့ သိရှိဖော်ထုတ်ချက်တွေကနေသာအများပြည်သူကြား ထင်သာမြင်သာ ပေါ်ထွက်လာခဲ့တာဖြစ်ပါ တယ်။ အဲဒီကာလမတိုင်ခင်မှာ အသံတိတ်ဖြစ်ရပ်များအဖြစ်နဲ့ နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက် ခြင်း၊ အဓမ္မပြုကျင့်ခြင်းကို က လေးငယ်များ ခံစားခဲ့ရပါတယ်။

ဒီလို တိတ်တဆိတ် လူမသိ သူမသိ ကျူးလွန်ခံနေရတဲ့ က လေးငယ် ဘယ်လောက်များများ ထပ်ရှိနေဦးမလဲဆိုတဲ့ မေးခွန်း ဟာလည်း ဒီဖြစ်ရပ်တွေ နောက် ကနေ ထက်ကြပ်မကွာ လိုက်ပါ လာခဲ့ပါတယ်။ ဒီအတွက် ဥပဒေ ပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ် ရေးစတဲ့ မဏ္ဍိုင်သုံးရပ်အနေနဲ့ ထိရောက်တဲ့ဖော်ထုတ်မှု၊ တား ဆီးကာကွယ်မှု၊ ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေကို အလေးဂရုပြု ဖော်ဆောင်သွားဖို့ လိုမှာဖြစ်ကြောင်းပါ။
7Day News Journal

No comments:

Post a Comment