Latest News

Thursday, February 16, 2017

ကင်ဂျုံနမ်လုပ်ကြံခံရမှုအတွက် သံသယရှိသူ ၃ ဦးအထိ ဖမ်းဆီးထား

မလေးရှားနိုင်ငံ လေဆိပ်မှာမြောက်ကိုရီယားခေါင်းဆောင် ရဲ့အကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံခံရတာ နဲ့ ပက်သက်ပြီး သံသယရှိ နောက်ထပ် တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အခုဖမ်းဆီးခံရသူ ဟာ ၃ ယောက်မြောက်ဖမ်းခံရဖြစ်ပြီး အရင်ဖမ်းခံရတဲ့သူ အင်ဒိုနီးရှားအမျိုးသမီးရဲ့ မိတ်ဆွေဖြစ်ပါတယ်။

 ကင်ဂျုံနမ်သေဆုံးမှု နဲ့ ပက်သက်ပြီး အင်ဒိုနီးရှားအမျိုးသမီးတစ်ဦး၊ မလေးရှားသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး  တတိယမြောက်ဖမ်းဆီးခဲ့သူရဲ့ နိုင်ငံကို ထုတ်ဖော်တာမရှိသေးပါဘူး၊
ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက်သံသယရှိသူတွေကိုဖမ်းဆီး စစ်.ဆေးစစ်ဆေးတာတွေလုပ်နေပေမယ့် မလေးရှား အာဏာပိုင်တွေ ဟာ တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊

ကင်ဂျုံနမ် ဟာ  မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို သွားဖို့ လေဆိပ်မှာစောင့်ဆိုင်းနေချိန်မှာ အစာထဲ့ အဆိပ်ထည့် လုပ်ကြံခံရတာဖြစ်ပါတယ်။
မလေးရှားရဲတပ်ဖွဲ့အကြီးကတော့ သံသယရှိသူတွေ ဖမ်းဆီးစစ်ဆေးနေပြီးနောက်ထပ် ဖမ်းဆီးလိုက်သူ ဟာအမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။

 အခု လုပ်ကြံခံလိုက်ရတဲ့ ကင်ဂျုံနမ်ဟာ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ အဖေတူ မအေကွဲ တဲ့ ညီအကိုဖြစ်ပါတယ်။ ကင်ဂျုံနမ်ဟာမြောက်ကိုရီယားနိုင်ငံ မှာ သားစဉ်မြေးဆက် အုပ်ချုပ်ပုံကို ဆန်ကျင့်သူဖြစ်တယ်လို့ သတင်းတွေကဖော်ပြပါတယ်။
 Ref  can
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည် 

No comments:

Post a Comment